အထူးသံတမန်

August 24, 2021

အမေရိကန်အထူးသံတမန်နှင့် တောင်ကိုရီးယား အထူးသံတမန်တို့ တွေ့ဆုံဆွေးနွေး

မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးသံတမန် ဆွန်မ်ကင်မ်ဟာ တောင်ကိုရီးယား အထူးသံတမန် နိုကယူးဒတ်ခ်နဲ့ သြဂုတ် ၂၃ ရက်က တွေ့ဆုံပါတယ်။

မဟာမိတ် နှစ်ဦးဟာ နျူကလီးယား လက်နက်နဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်နဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေဆီ မြောက်ကိုရီးယား ပြန်လာအောင် ဆွယ်တရားဟောဖို့ နည်းလမ်းတွေကို ရှာနေတာပါ။

အမေရိကန်နဲ့ တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုဟာ ရေရှည်လုပ်ရိုးလုပ်စဉ်တရပ်ပဲလို့ ပြောရင်း မြောက်ကိုရီးယားနဲ့ သံတမန်ဆက်ဆံရေး စဖို့ ကင်မ်က တိုက်တွန်းပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ လုံခြုံရေးအကျပ်အတည်းကို ဖြစ်စေနိုင်တယ်လို့ မြောက်ကိုရီးယားအစိုးရက သတိပေးခဲ့ပါတယ်။

ဇူလိုင်လမှာ ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေးက သောင်မတင် ရေမကျ အခြေအနေသစ်ဆီ ဦးတည်ခဲ့တာကြောင့် ကင်မ်ရဲ့ ၄ ရက်ကြာ အလည်အပတ်ခရီးစဉ် ဖြစ်လာခဲ့တာပါ။

၉ ရက်ကြာ စစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၁၆ ရက်က စခဲ့ပေမဲ့ မြောက်ကိုရီးယားဘက်က အသံတိတ်နေခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အတည်မပြုကြောင်း ပြဖို့ မြောက်ကိုရီးယားက ဒုံးကျည် ပစ်လွှတ်စမ်းသပ်တာ ဒါမှမဟုတ် တခြား အရေးယူ ဆောင်ရွက်ချက် တခုခု လုပ်မှာကို စိုးရိမ်နေကြပါတယ်။

3 months Ago
Up