အထူးသံတမန်

September 3, 2018

မြောက်ကိုရီးယား အထူးသံတမန်အဖြစ် ချောင်အီယောင်းကို တောင်ကိုရီးယား ခန့်အပ်

တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းဟာ သူ့ရဲ့ ထိပ်တန်း အမျိုးသားလုံခြုံရေးအကြံပေး ချောင်အီယောင်းကို မြောက်ကိုရီးယား အထူးသံတမန်အဖြစ် ခန့်အပ်ခဲ့တယ်လို့ သမ္မတ အိမ်ပြာတော်က စက်တင်ဘာ ၂ ရက်နေ့မှာ ပြောပါတယ်။ ချောင်အီယောင်းဟာ သမ္မတရဲ့ အမျိုးသားလုံခြုံရေးရုံး အကြီးအကဲလည်း ဖြစ်ပါတယ်။ သြဂုတ် ၂၉ ရက်က အထူးသံတမန်အဖြစ် ခန့်အပ်ခံရအပြီး သူဟာ အဖွဲ့ဝင် ငါးဦးပါတဲ့ အထူးကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မှာပါ။ တောင်ကိုရီးယားသမ္မတ မွန်းဂျဲအင်းနဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ကြား နောင်လာမယ့် ထိပ်သီးညီလာခံအတွက် တိကျတဲ့ အစီအစဉ်တွေကို ရေးဆွဲဖို့ မြောက်ကိုရီးယား အရာရှိတွေနဲ့ ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။
3 years Ago
Up