အထူးတပ်

April 7, 2019

အီရန်အထူးတပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် အမေရိကန် သတ်မှတ်မည်

အမေရိကန်အစိုးရက အီရန်ရဲ့ အထူးတပ်ဖွဲ့ဖြစ်တဲ့ တော်လှန်ရေး အစောင့်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပါက အီရန်ကလည်း အမေရိကန် စစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်သွားမယ်လို့ အီရန်အကြီးတန်း လွှတ်တော်အမတ် တယောက်က ဧပြီ ၆ ရက်မှာ ပြောလိုက်ပါတယ်။ အမေရိကန်အစိုးရဟာ အီရန် တော်လှန်ရေး အစောင့်တပ်ကို နိုင်ငံခြား အကြမ်းဖက်အဖွဲ့ အဖြစ် သတ်မှတ်ဖို့ မျှော်လင့်ထားတယ်လို့ အမေရိကန် အရာရှိ ၃ ယောက်က ရိုက်တာ သတင်းဌာနကို ပြောခဲ့တာပါ။ ဒါဟာ အမေရိကန်အစိုးရက တခြားနိုင်ငံရဲ့ စစ်တပ်ကို အကြမ်းဖက်အုပ်စုအဖြစ် တရားဝင် သတ်မှတ်တာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ “တကယ်လို့ တော်လှန်ရေးတပ်က အမေရိကန်ရဲ့ အကြမ်းဖက်အုပ်စုများ စာရင်းထဲမှာ ပါခဲ့ရင် ကျနော်တို့ကလည်း အမေရိကန်စစ်တပ်ကို အိုင်အက်စ်စစ်သွေးကြွ အုပ်စုနဲ့အတူ အကြမ်းဖက် နာမည်ပျက် စာရင်းထဲထည့်မယ်” လို့ အီရန်လွှတ်တော် အမျိုးသားလုံခြုံရေး ကော်မတီ ဥက္ကဋ္ဌ ဟက်ရှာမတ်တိုလာ ဖှာလာဟတ်ဘစ်ရှာက တွစ်တာ လူမှုကွန်ရက်ကနေ ပြောခဲ့ပါတယ်။
3 years Ago
Up