အထူးကု ဆရာဝန်

November 5, 2020

ဦးနှောက်ထဲသွေးခဲပြီး ခွဲစိတ်ကုသမှုခံယူခဲ့ရသည့်  မာရာဒိုနာ ကျန်းမာရေး ပြန်ကောင်း

ကမ္ဘာကျော် အာဂျင်တီးနားဘောလုံးသမားဟောင်း မာရာဒိုနာဟာ ဦးနှောက်ထဲ သွေးခဲလို့ ခွဲစိတ်ကုသမှု ခံယူအပြီး နာလန်ပြန်ထလာခဲ့လို့ အံ့သြရတယ်လို့ သူ့ကို ကုသပေးနေတဲ့ ဆရာဝန်က မီဒီယာကို နိုဝင်ဘာ ၄ ရက်မှာ ပြောပါတယ်။  ဦးခေါင်းမှာ ဒဏ်ရာရလို့ ဖြစ်လာတဲ့ သွေးခဲဟာ ဦးနှောက်အပေါ် ဖိအား သက်ရောက်နေလို့ ဖယ်ထုတ်ဖို့ ခွဲစိတ်ကုသ ခဲ့ရတာပါ။  မာရာဒိုနာရဲ့ အထွေထွေကျန်းမာရေးအခြေအနေကြောင့် ခွဲစိတ်ကုသမှုက ဘေးများပေမယ့် ပြန်နာလန်ထခဲ့တယ်လို့ သူ့ရဲ့ အထူးကု ဆရာဝန်က ပြောပါတယ်။  ၁၉၈၆ ခုနှစ်မှာ အာဂျင်တီးနားနိုင်ငံအတွက် ကမ္ဘာ့ဖလားဆုကို ဆောင်ကြဉ်းပေးခဲ့တဲ့ မာရာဒိုနာဟာ ဘောလုံးလောကနဲ့ သမိုင်းမှာ အကြီးမြတ်ဆုံး ဘောလုံးသမားတွေထဲက တယောက် အဖြစ် သတ်မှတ် ခံရပါတယ်။  သူ့ရဲ့ ဘဝနေထိုင်မှုပုံစံကြောင့် လတ်တလောနှစ်တွေအတွင်း မကြာခဏ ဆေးရုံတက် ကုသမှု ခံယူနေရသူပါ။  သူ့ပရိသတ် ဒါဇင်ပေါင်းများစွာက ဆေးရုံမှာ စုဝေးလာပြီး သူ နာလံထ လာတဲ့ သတင်းကောင်းကို ကောင်းချီးပေးခဲ့ ကြပါတယ်။ 
1 year Ago
Up