အထီးကျန်ဆင်

December 6, 2020

ပါကစ္စတန်ရဲ့ အထီးကျန်ဆင်ကြီး မျိုးနွယ်တူများနှင့် ပြန်ဆုံဆည်းခွင့်ရ (ရုပ်သံ)

ပြီးခဲ့တဲ့ ၈ နှစ်လုံးလုံး တစ်ကောင်တည်းနေထိုင်ခဲ့ရတဲ့ ပါကစ္စတန်က အသက် ၃၆ နှစ်အရွယ် အထီးကျန်ဆင်ကြီးဟာ နောက်ဆုံးမှာတော့ သူနဲ့မျိုးနွယ်တူ အဖော်အပေါင်းတွေနဲ့ ပြန်လည်စုံစည်းခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။  သူ့ကို ကမ္ဘောဒီးယားနိုင်ငံ ရွှေ့ပြောင်းပေးခဲ့အပြီးမှာ အခုလိုမျိုးတွေ့ဆုံနိုင်ခဲ့တာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ မှတ်တမ်းဗီဒွီယိုမှာတော့ ဆင်ကြီး ခါဗန်ဟာ ကမ္ဘာဒီးယားတောရိုင်းတိရစ္ဆာန်ထိန်းသိမ်း ရေးစခန်းက သူရဲ့နေရာအသစ်မှာ စားသောက်လမ်းလျှောက်နေတာကို မြင်တွေ့ခဲ့ပါတယ်။  သူ့ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီးချိန်မှာ တခြားဆင်အကောင် ၆၀၀ နဲ့ တွေ့ဆုံစေမှာလည်း ဖြစ်ပါတယ်။  စခန်းအတွင်းမှာ စောင့်ရှောက်ထားတဲ့ တခြားဆင်တစ်ကောင်နဲ့ ခါဗန်တို့ နှာမောင်းခြင်းထိနေတာကိုလည်း ဓာတ်ပုံတစ်ပုံမှာမြင်တွေ့ခဲ့ရပါတယ်။  ခါဗန်ဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ဒုတိယအကြီးဆုံး ဆိုင်ယန်ရိ မြို့လေဆိပ်ကို နိုဝင်ဘာ ၃၀ ရက်မှာ ရောက်ရှိလာခဲ့တာဖြစ်ပြီး သူ့ကို နေရာပြောင်းရွှေ့ပေးနိုင်ဖို့ နှစ်ပေါင်းများစွာ ပါဝင်ဆောင်ရွက်ပေးခဲ့တဲ့ အမေရိကန်အဆိုတော် ချာနဲ့ တာဝန်ရှိသူတွေက လေဆိပ်မှာ ကြိုဆိုခဲ့ပါတယ်။  ကမ္ဘောဒီးယားသဘာဝပတ်ဝန်းကျင်ဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဆင်ကြီးကို နေရာရွှေ့ပြောင်းပေးနိုင်ရေးမှာ ပါဝင်ကူညီခဲ့သူတွေကို ချီးကျူးခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံဟာ ဆင်ကြီး ခါဗန်အတွက် ကောင်းမွန်တဲ့အိမ်ဖြစ်လာမယ်လို့ ပြောပါတယ်။
4 months Ago
Up