အထိမ်းအမှတ်သီချင်းသီဆို

September 30, 2019

တရုတ်အစိုးရလိုလားသူများ နိုင်ငံတည်ထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်သီချင်းသီဆို

တရုတ်အစိုးရကို လိုလားတဲ့ ဆန္ဒပြသူတွေဟာ ဟောင်ကောင်မြို့ရဲ့ အထင်ကရ နေရာတွေမှာ စက်တင်ဘာ ၂၉ ရက်က စုရုံးရင်း တရုတ်အမျိုးသားသီချင်းနဲ့ မွေးနေ့မှာ ပျော်ရွှင်ပါစေသီချင်းတို့ကို သီဆိုခဲ့ကြပါတယ်။  တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တည်ထောင်ခြင်း နှစ် ၇ဝ ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်နဲ့ သီဆိုကြတာပါ၊  ဗစ်တိုးရီးယား ဆိပ်ကမ်းနားမှာ တီရှပ် အနီရောင်ဝတ်ထားတဲ့ လူ အယောက် ၂၀၀ လောက် စုရုံးခဲ့ပါတယ်။  ပါးနှစ်ဖက်မှာ တရုတ်အလံကပ်ထားတဲ့ အားကစားမယ်ဟောင်း မန်ဒီချန်းက တရုတ်နိုင်ငံသူ တယောက် ဖြစ်ရတာ ဂုဏ်ယူတယ်၊ တရက်မှာ ဒီမိုကရေစီလိုလားပြီး ဆန္ဒပြနေတဲ့ ကလေးတွေ နိုးထလာဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။  အောက်တိုဘာ ၁ ရက် တရုတ်အမျိုးသားနေ့အတွက် ခေါင်းဆောင် ကယ်ရီလမ် ဟောင်ကောင်မြို့ထဲကနေ ထွက်မယ်လို့ အစိုးရက ကြေညာအပြီး နေ့ခင်းပိုင်းမှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကိုဖြိုခွဲဖို့ ဟောင်ကောင်ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ငရုတ်ကောင်းရည်တွေကို သုံးခဲ့ကြပါတယ်။ ================================================ တ႐ုတ္အစိုးရလိုလားသူမ်ား ႏိုင္ငံတည္ေထာင္ျခင္း ႏွစ္ ၇၀ ျပည့္ အထိမ္းအမွတ္သီခ်င္းသီဆို DVB တ႐ုတ္အစိုးရကို လိုလားတဲ့ ဆႏၵျပသူေတြဟာ ေဟာင္ေကာင္ၿမိဳ႕ရဲ႕ အထင္ကရ ေနရာေတြမွာ စက္တင္ဘာ ၂၉ ရက္က စု႐ုံးရင္း တ႐ုတ္အမ်ိဳးသားသီခ်င္းနဲ႔ ေမြးေန႔မွာ ေပ်ာ္႐ႊင္ပါေစသီခ်င္းတို႔ကို သီဆိုခဲ့ၾကပါတယ္။ တ႐ုတ္ျပည္သူ႔ သမၼတႏိုင္ငံ တည္ေထာင္ျခင္း ႏွစ္ ၇ဝ ျပည့္ ႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္နဲ႔ သီဆိုၾကတာပါ၊ ဗစ္တိုးရီးယား ဆိပ္ကမ္းနားမွာ တီရွပ္ အနီေရာင္ဝတ္ထားတဲ့ လူ အေယာက္ ၂၀၀ ေလာက္ စု႐ုံးခဲ့ပါတယ္။ ပါးႏွစ္ဖက္မွာ တ႐ုတ္အလံကပ္ထားတဲ့ အားကစားမယ္ေဟာင္း မန္ဒီခ်န္းက တ႐ုတ္ႏိုင္ငံသူ တေယာက္ ျဖစ္ရတာ ဂုဏ္ယူတယ္၊ တရက္မွာ ဒီမိုကေရစီလိုလားၿပီး ဆႏၵျပေနတဲ့ ကေလးေတြ ႏိုးထလာဖို႔ ေမွ်ာ္လင့္တယ္လို႔ ေျပာပါတယ္။ ေအာက္တိုဘာ ၁ ရက္ တ႐ုတ္အမ်ိဳးသားေန႔အတြက္ ေခါင္းေဆာင္ ကယ္ရီလမ္ ေဟာင္ေကာင္ၿမိဳ႕ထဲကေန ထြက္မယ္လို႔ အစိုးရက ေၾကညာအၿပီး ေန႔ခင္းပိုင္းမွာ အစိုးရ ဆန႔္က်င္ေရး ဆႏၵျပသူေတြကိုၿဖိဳခြဲဖို႔ ေဟာင္ေကာင္ရဲေတြက မ်က္ရည္ယိုဓာတ္ေငြ႕ေတြနဲ႔ င႐ုတ္ေကာင္းရည္ေတြကို သုံးခဲ့ၾကပါတယ္။
2 years Ago
Up