တောင်အာဖရိကနိုင်ငံက စားဖိုမှူးတွေဟာ ဇူလိုင် ၁၈ ရက်မှာ ကျရောက်တဲ့ မင်ဒဲလားနေ့ အထိမ်းအမှတ် စွပ်ပြုပ်တွေ ချက်ပြီး ဆင်းရဲနွမ်းပါးတဲ့ ထောင်ချီတဲ့ လူတွေကို ကျွေးမွေးခဲ့ကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် စီးပွားရေး ခက်ခဲကြပ်တည်းမှုဒဏ်ကို ခံနေရတဲ့ ဆင်းရဲတဲ့ ရပ်ကွက်သားတွေအတွက် စားဖိုမှူးတွေက စွပ်ပြုတ်လီတာ ထောင်ချီပြီး ချက်ပြုတ်ခဲ့တာပါ။
နိုင်ငံတလွှား မြို့အတော်များများက ရာချီတဲ့ စားဖိုမှူးတွေက လူ ၃ သိန်းစာ စွပ်ပြုတ် လီတာ ၇ သောင်း ချက်ပြုတ်ခဲ့တယ်လို့ ဒေသခံ မီဒီယာက ပြောပါတယ်။
တောင်အာဖရိကသမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားဟာ အဆုတ်ရောဂါကို ကာလကြာ ခံစားခဲ့ရပြီးနောက် အသက် ၉၅ နှစ်အရွယ် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာပါ။
တောင်အာဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတ မင်ဒဲလားဟာ သွေးထွက်သံယိုမှုတွေနဲ့ အရှုပ်အထွေးတွေကြားက တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံဖြစ်အောင် ဦးဆောင်ခဲ့တဲ့ အရှိန်အဝါကြီးမားတဲ့ နိုင်ငံရေးသမားတဦးအဖြစ် ကမ္ဘာတဝှမ်း အသိအမှတ်ပြုခံရသူလည်း ဖြစ်ပါတယ်။
7 months Ago