အထပ်မြင့်တိုက်ခန်းတွဲ

A d v e r t i s e m e n t With Us

December 14, 2019

ဂျာမနီနိုင်ငံ အထပ်မြင့်တိုက်ခန်းတွဲတခုတွင် ပေါက်ကွဲမှုဖြစ်

ဂျာမနီနိုင်ငံက အထပ်မြင့်တိုက်ခန်းတွဲတခုမှာ ဒီဇင်ဘာ ၁၃ ရက်နေ့က ပေါက်ကွဲမှုဖြစ်လို့ လူတယောက် သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့တယ်လို့ ဂျာမနီ မီဒီယာတွေက ဖော်ပြကြပါတယ်။  နိုင်ငံအရှေ့ပိုင်း ဘလန်ကန်ဘတ်မြို့က ငါးထပ်တိုက်တခုမှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။  ပေါက်ကွဲမှုကြောင့် အနားမှာရှိတဲ့ နေ့ကလေးထိန်းကျောင်းတကျောင်းက ကလေးငယ်တွေအပါအဝင် ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပြီး အခင်းဖြစ်တဲ့နေရာကိုလည်း အာဏာပိုင်တွေက ပိတ်ထားလိုက်ပါတယ်။  စုစုပေါင်း လူ ၂၅ ယောက် ဒဏ်ရာရခဲ့ပြီး လူတယောက် သေဆုံးတဲ့အပြင် နောက်ထပ်တယောက် ပျောက်ဆုံးနေတယ်လို့ ရဲတွေက ပြောပါတယ်။  ကွန်မြူနစ်ခေတ်ပုံစံ ဆောက်လုပ်ထားတဲ့ ငါးထပ်တိုက်ခန်းတွဲကနေ မီးခိုးငွေ့တွေ ထွက်နေတဲ့ ဓာတ်ပုံတွေကို ရဲတပ်ဖွဲ့ရဲ့ တရားဝင် တွစ်တာစာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။
1 year Ago
Up