အထည်ချုပ်

A d v e r t i s e m e n t With Us

April 23, 2020

ဒါကာရှိအထည်ချုပ်စက်ရုံများတွင်  PPE ကာကွယ်ရေးဝတ်စုံများချုပ်နေ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာရှိ  အထည်ချုပ် စက်ရုံတွေမှာ  ဧပြီ ၂၁ ရက်က  ပြည်ပပို့ကုန် အထည်တွေအစား ပြည်တွင်းက ဆရာဝန်၊ သူနာပြုတွေအတွက်   ကာကွယ်ရေးဝတ်စုံ (PPE) တွေ ချုပ်လုပ်နေပါတယ်။  နိုင်ငံအတွင်း PPE ဝတ်စုံတွေ  ပြတ်လပ်နေချိန်မှာ Celebrity Garment Exports  စက်ရုံဟာလည်း   PPEတွေ ချုပ်တဲ့ စက်ရုံတွေထဲက တခု ဖြစ်ပါတယ်။   အရင်က အထည်ချုပ်စက်ရုံကို ပိတ်ထားပေမယ့်  အခုအခါမှာတော့ စက်ချုပ်သမတွေဟာ အစိုးရအမှာစာ   (PPE) ဝတ်စုံတွေ ချုပ်နေတယ်လို့ စက်ရုံ MD က ရှင်းပြခဲ့ပါတယ်။  စက်ရုံ   MD မိုဟာမက်-ရှော်လစ်အာမက်က  တကယ်လို့ ဘင်္ဂလားဒေ့ရှ်မှာ လော့ဒေါင်း ပြီးသွားတဲ့အခါ   တခြားနိုင်ငံ  ဝယ်လိုအားရှိရင်  တင်ပို့ဖို့ စဉ်းစားနေတယ်ဆိုပြီး ပြောပါတယ်။   ဘင်္ဂလားဒေ့ရှ် တနိုင်ငံလုံးရဲ့ လော့ဒေါင်းဟာ   ဧပြီ ၂၅ ရက်မှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။   အခုဆိုရင်  PPE ဝတ်စုံတွေကို ဒါကာမြို့ နေရာ အတော်များများမှာမြင်တွေ့နေရပြီး ကိုရိုနာဗိုင်းရပ်စ် ရှိ၊မရှိ စစ်ဆေးဖို့ စောင့်ဆိုင်းနေသူတွေဟာလည်း  PPE ဝတ်စုံတွေ ဝတ်ထားကြပါတယ်။  ဧပြီ ၂၁ ရက်အထိ ဘင်္ဂလားဒေ့်ရှ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၃၃၈၂ ယောက်၊ သေဆုံးသူ ၁၁၀အထိ ရှိလာတယ်လို့ ရိုက်တာသတင်းအရသိရပါတယ်။
11 months Ago

March 14, 2020

ဧရာဝတီတိုင်းတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂ ခု ထပ်မံခွင့်ပြု 

ဧရာဝတီတိုင်းဒေသကြီးမှာ ရင်းနှီးမြုပ်နှံမှု ၂ ခုအား တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီက အတည်ပြုမိန့်ထုတ်ပေးလိုက်တယ်လို့ တိုင်းရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဦးသက်ပိုင်က ဒီဗွီဘီကို ပြောပါတယ်။ Myanmar Rice Trading Co.Ltd က ဆန်စပါးစိုက်ပျိုးထုတ်လုပ်တာနဲ့ ကြိတ်ခွဲရောင်းချတဲ့ အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်း၊ Aung Shwe Thee Construction Co.Ltd က CMP စနစ်နဲ့ အထည်ချုပ်လုပ်ခြင်းလုပ်ငန်းတို့အား မတ်လ ၁၀ ရက်နေ့က အတည်ပြုမိန့်ထုတ်ပေးခဲ့တာပါ။ “မြို့ ၄ မြို့နယ်မှာ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးထုတ်လုပ်မှုကို မျိုးစပါးတွေချပေးမယ်၊ လိုအပ်တဲ့ဓာတ်မြေသြဇာ ပိုးသတ်ဆေးတွေပေးမယ်၊ ထွက်ရှိလာတဲ့စပါးကို ကာလပေါက်စျေးထက် ငါးသောင်းပိုပေးပြီး ပြန်ဝယ်မယ့် လုန်းမျိုးပါ။”ဟု ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်ပိုင်က ပြောပါတယ်။ ခွင့်ပြုလိုက်တဲ့ ဆန်စပါးစိုက်ပျိုးထုတ်လုပ်ခြင်း၊ ကြိတ်ခွဲရောင်းချခြင်း အထောက်အကူပြုဝန်ဆောင်မှုလုပ်ငန်းဟာ မော်လမြိုင်ကျွန်း၊ ကျိုက်လတ်၊ ဖျာပုံနဲ့ ဘိုကလေးမြို့နယ်တွေမှာ ဧက ၉၇၀၀ လုပ်ကိုင်မှာဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပမဏ ကျပ်သန်း ၆၀၀၀ လို့ သိရပါတယ်။ ညောင်းတုန်မြို့နယ်မှာ အတည်ပြုမိန့်ပေးခဲ့တဲ့ အထည်ချုပ်လုပ်ငန်းကတော့ ရင်းနှီးမြှုပ်နှံမှု ကျပ်သန်း ၅၇၉၅.၇၅၇ ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်း ၁၉၉၇ ယောက်ကို ဖန်တီးပေးနိုင်မယ်လို့ သိရပါတယ်။ ရင်းနှီးမြှုပ်နံမှုကော်မတီက ဧရာဝတီတိုင်းဒေသကြီးမှာ နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှု  ၁၅ ခု၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ၃၁ ခု အားလုံးပေါင်း ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ၄၆ ခုကို အတည်ပြုမိန့်ပေးထားတယ်လို့ သိရပါတယ်။ အများဆုံး ရင်းနှီးမြှုပ်နှံထားတာက စက်မှုကဏ္ဍနဲ့ ဒုတိယအများဆုံးက ဟိုတယ်ခရီးလုပ်ငန်းဖြစ်ပြီး စက်မှုဇုန်တည်ဆောက်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူးရေး၊ လျှပ်စစ်နဲ့ အခြားလုပ်ငန်းတွေ လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။  စည်သူမောင်မောင်
12 months Ago

အထည်ချုပ် ကုန်ကြမ်းများ မတ်လအကုန် ရောက်နိုင်ဟု ကုန်သည်စက်မှုအသင်းချုပ် ပြော

အထည်ချုပ်လုပ်ငန်းတွေအတွက် ကုန်ကြမ်းတွေ မတ်လကုန်ပိုင်းလောက်မှာ ရောက်ရှိလာနိုင်တယ်လို့  မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်က ပြောပါတယ်။  မြန်မာနိုင်ငံမှာရှိတဲ့ အထည်ချုပ်လုပ်ငန်းတွေအတွက် ကုန်ကြမ်းပြတ်လပ်မှုတွေကို လာမယ့် မတ်လကုန်လောက်မှာ တရုတ်နိုင်ငံကနေ ရောက်လာနိုင်မယ့် အနေအထား ရှိနေတယ်လို့ ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ဒီဗွီဘီကို ပြောပါတယ်။ “ကုန်ကြမ်းတွေ မတ်လကုန်ကျရင် စထုတ်တာနဲ့ ဧပြီလ သင်္ကြန်နဲ့ကပ်သွားပြီ။ ဘာအလုပ်မှ လုပ်လို့မရတော့ဘူး။ သူတို့ လခတွေ ပေးဖို့ တော်တော်လေးဒုက္ခရောက်တယ်။ အလုပ်မဖြစ်တော့ ပိုက်ဆံမရဘူး။ ချုပ်ခက ပါးပါးလေးပဲ ရတာ။ သူတို့လည်း ဒုက္ခရောက်တော့ တယောက်နဲ့တယောက် နားလည်မှုရှိဖို့လိုတယ်။” လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ အထည်ချုပ်လုပ်ငန်းတွေဟာ ကုန်ကြမ်း ပြတ်လပ်မှု အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။  ကိုရိုနာဗိုင်းရပ်စ် Covid–19 ရောဂါ စတင်ဖြစ်ပွားတဲ့နေ့ကစပြီး အခုချိန်ထိ အထည်ချုပ်လုပ်ငန်းတွေဟာ ကုန်ကြမ်းပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတာပါ။ လက်ရှိ မြန်မာနိုင်ငံမှာရှိတဲ့ အထည်ချုပ်လုပ်ငန်းတွေအနေနဲ့ လုပ်ခလစာ ကြီးမြင့်မှု၊ အထည်ချုပ်ကုန်ကြမ်း မရှိမှုနဲ့ နိုင်ငံတကာအမှာတွေ ရပ်တန့်နေတာကြောင့် တချို့စက်ရုံတွေ  ပိတ်သိမ်းသွားတာတွေရှိနေတဲ့အတွက် အလုပ်လက်မဲ့ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စီးပွားရေးလုပ်ငန်းရှင် ဦးသန့်စိုးက ပြောပါတယ်။  “အထည်ချုပ်လုပ်ငန်းက အဓိကအသက်ပဲ။ ဥရောပကို ပို့တာ အများဆုံးက အထည်ချုပ်ပဲ။ ပိုဆိုးတာက ကိုရိုနာကလည်း လာဆိုတော့ လုပ်ရကိုင်ရတာ တော်တော်လေး ကြပ်တယ်။ ပုံမှန်တောင် တော်တော်ရုန်းနေရတာ။ အခု ပိုရုန်းရတာပေါ့။ အတော်ကို သတိထားနေရတယ်။” အခုလို ကုန်ကြမ်းတွေ မြန်မာနိုင်ငံကို ရောက်ရှိလာမယ်ဆိုရင် အလုပ်သမားပြဿနာတွေ အဆင်ပြေသွားနိုင်မယ်လို့ ဆိုပါတယ်။ ပြည်တွင်းမှာရှိတဲ့ အထည်ချုပ်လုပ်ငန်းအများစုဟာ တရုတ်နိုင်ငံကလာတဲ့ ကုန်ကြမ်းတွေကို အားကိုးပြီး လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။  အခုလက်ရှိအချိန်မှာ Covid –19 ရောဂါကြောင့် အထည်ချုပ်စက်ရုံတွေဟာ ကုန်ကြမ်းပြတ်လပ်မှုပြဿနာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အထည်ချုပ်လုပ်ငန်းတွေဟာ လုပ်သားအင်အားလျှော့ချမှုနဲ့ လုပ်ငန်းတွေ ပိတ်သိမ်းလာတဲ့ ပြဿနာတွေ ရင်ဆိုင်နေကြရပါတယ်။  နေလင်းအောင်
12 months Ago
Up