ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့က အထည်ချုပ်စက်ရုံတခု မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တဲ့အတွက် နိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်း ဘေးကင်းလုံခြုံမှု အဆင့်အတန်း နိမ့်ကျမှုအပေါ် စိုးရိမ်မှုတွေ ပြန်ဖြစ်လာပါတယ်။
မီးလောင်မှုမှာ လူ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံသတင်းတွေက ဆိုပါတယ်။
မီးလောင်တဲ့စက်ရုံဟာ ဒါကာမြို့တော်မြောက်ဘက်က H&M လို စတိုးဆိုင်ကြီးတွေအတွက် အ၀တ်အထည်တွေ ထုတ်လုပ်ပေးတဲ့စက်ရုံ ဖြစ်ပါတယ်။
မနက်အလုပ်မ၀င်ခင် နာရီပိုင်းအတွင်း မီးလောင်ခဲ့တာဖြစ်ပြီး အလုပ်သမား ၆၀၀၀ ကျော် ကပ်ပြီး လွတ်မြောက်ခဲ့တာပါ။
ဒါကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အဓိက နိုင်ငံခြားဝင်ငွေရ လုပ်ငန်းဖြစ်တဲ့ အထည်ချုပ် လုပ်ငန်းတွေရဲ့ ဘေးကင်းလုံခြုံမှု အဆင့်အတန်းကို ပြန်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
၂၀၁၃ ခုနှစ်က အခုလို အထည်ချုပ်စက်ရုံမျိုး အလုပ်ချိန်အတွင်း ပြိုကျခဲ့လို့ အထည်ချုပ်လုပ်သား ၁၀၀၀ ကျော် သေဆုံးခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အဆိုးဆုံး လုပ်ငန်းခွင် မတော်တဆမှုကြီး ဖြစ်ခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အသင့်ဝတ်အထည်တွေ ဒုတိယအများဆုံး ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
5 years Ago