အထက်တန်းကျောင်းသား

October 18, 2021

ဘန်ကောက် အထက်တန်းကျောင်းသားဦးရေ ၈၈ ရာခိုင်နှုန်း ကိုဗစ်ကာကွယ်ဆေး ထိုးပြီး

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မှာ အထက်တန်းကျောင်းသားဦးရေ ၈၈ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးဖြစ်တယ်လို့ မြို့တော်စီမံအုပ်ချုပ်ရေးအဖွဲ့(ဘီအမ်အေ) က ကြေညာပါတယ်။

နိုင်ငံတဝန်း စာသင်ကျောင်းတွေကို လာမယ့်လမှာ ဖွင့်လှစ်နိုင်ဖို့အတွက် ထိုင်းအစိုးရက ပြင်ဆင်နေတာဖြစ်ပြီး လတ်တလောမှာတော့ ကျောင်းသားကျောင်းသူတွေကို Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုတွေ လုပ်ဆောင်နေတာပါ။

ဘန်ကောက်မြို့တော်စီမံအုပ်ချုပ်ရေးအဖွဲ့(ဘီအမ်အေ) အမြဲတန်းအတွင်းဝန် ခါချစ်ချက် ချာဝနစ်က အထက်တန်းကျောင်းသားဦးရေ ၃၇,၄၆၆ ယောက်ထဲက ၃၃,၀၄၈ ယောက်ဟာ ကာကွယ်ဆေး ထိုးနှံပြီးဖြစ်တယ်လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ အလယ်တန်းကျောင်းသားကျောင်းသူ  ၂၉,၂၅၂ ယောက် ကာကွယ်ဆေးထိုးနှံဖို့ စာရင်းပေးသွင်းထားပြီး ဒီနေ့နဲ့ လာမယ့် အောက်တိုဘာ ၂၀ ရက်နေ့တွေ မှာ ထိုးနှံပေးသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကာကွယ်ဆေး မထိုးနှံရသေးတဲ့ စာသင်ကျောင်းဝန်ထမ်းတွေကိုတော့ Sinovac နဲ့ AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ မျိုး ပေါင်းစပ်ထိုးနှံပေးသွားမှာဖြစ်တယ်လို့ မစ္စတာ ခါချစ်က ပြောပါတယ်။

ဘန်ကောက်မြို့တော်စီမံအုပ်ချုပ်ရေးအဖွဲ့(ဘီအမ်အေ)အနေနဲ့ ထိုင်းပညာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနနဲ့ တခြားအေဂျင်စီတွေနဲ့အတူ ပူးပေါင်းပြီး ကာကွယ်ဆေး ထိုးနှံမှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေနည်းတူ ရောဂါကူးစက်နိုင်မှု လျှော့ချနိုင်ရေးအတွက် စာသင်ခန်းတွေမှာ ကျောင်းသား ၂၅ ယောက်ထိ လျှော့ချသင်ကြားနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျောင်းကို လာမယ့် ဘယ်သူအဆို လက်သန့်စင်ဆေး၊ နှာခေါင်းစည်း မျက်နှာဖုံးတွေနဲ့ လာရောက်ရမှာဖြစ်ပြီး လူမှုအလှမ်းခွာ စည်းမျဉ်းစည်းကမ်းတွေနဲ့အတူ ရောဂါရှိ၊ မရှိ စစ်ဆေးမှုတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျောင်းသားကျောင်းသူတွေကိုရော သင်ကြားရေးဝန်ထမ်းကိုတွေပါ နေ့စဉ်မှတ်တမ်းယူရမှာဖြစ်ပြီး စာသင်ခန်းပြင်ပ လှုပ်ရှားမှုတွေကိုလည်း ပြည်သူ့ကျန်းမာရေး စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။

တကယ်လို့များ ကျောင်းသားကျောင်းသူတွေအနေနဲ့ ရောဂါကူးစက်ခံရကြောင်း သံသယရှိမယ် ဆိုရင်တော့ အမြန်ဆုံး ဆေးကုသမှုခံယူရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံတဝန်းမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၁ ဒသမ ၈ သန်းနီးပါး၊ သေဆုံးသူ ၁၈,၀၀၀ ကျော်နဲ့ ရောဂါပြန်လည်ပျောက်ကင်းသက်သာလာသူပေါင်း ၁ ဒသမ ၆၆ သန်းကျော် ရှိနေတာ ဖြစ်ပါတယ်။

3 months Ago

October 5, 2021

ဘန်ကောက်တွင် အထက်တန်းကျောင်းသားများကို ဖိုက်ဇာကာကွယ်ဆေး စတင်ထိုးနှံ

ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်က အထက်တန်းကျောင်းသားတွေကို အောက်တိုဘာ ၄ ရက်က ပထမဆုံးနေ့အဖြစ် ဖိုက်ဇာကာကွယ်ဆေး စတင်ထိုးပေးပါတယ်။

နိုဝင်ဘာလမှာ ကျောင်းတွေကို ပြန်မဖွင့်ခင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုကနေ ကာကွယ်ဖို့ ခုလို ဆေးထိုးပေးနေတာပါ။

ဘန်ကောက်မြို့စွန်က ပရာချာနီဝက်ကျောင်းမှာ ထောင်ချီတဲ့ ကျောင်းသားတွေ ပထမဆုံး ကာကွယ်ဆေးထိုးဆေးကို လက်ခံထိုးနှံဖို့ တန်းစီနေခဲ့ကြပါတယ်။

အသက် ၁၆ နှစ်အရွယ် ကျောင်းသား ပူဝါရစ် ချင်နာဘူရာနာဆိုဖွန်က “ကျနော်က အခြေအနေကို ပုံမှန်ပြန်ရောက်စေချင်တယ်။ ဘာလို့လဲဆိုတော့ ကျနော် ကျောင်းပြန်တက်ချင်နေ ပြီ” လို့  ပြောပါတယ်။ 

ကျောင်းသားအယောက် ၃ သောင်းခွဲရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးက ကာကွယ်ဆေးထိုးခံဖို့ နာမည်စာရင်းသွင်းခဲ့ကြပါတယ်။

ဘန်ကောက်မြို့တော်မှာ အောက်တိုဘာလကုန်မှာ ထိုးဆေး ၂ လုံးစလုံး ဖြန့်ထိုးပေးဖို့ မျှော်လင့်ထားတယ်လို့ ဘန်ကောက် မြို့တော် အုပ်ချုပ်ရေးမှူး အဲ့စ်ဝင်း ကွမ်မုအန်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ဇူလိုင်လယ်ကစပြီး ပထမဆုံးအနေနဲ့ အောက်တိုဘာ ၄ ရက်က ၂၄ နာရီအတွင်း အသစ်ကူးစက်ခံ အတည်ပြုလူနာ ဦးရေ ၁ သောင်းအောက်ကို ကျဆင်းသွားပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးဆေးလုံးရေ ၅၅ ဒသမ ၅ သန်းကို ထိုးနှံပေးပြီး ဖြစ်ပြီး လူဦးရေရဲ့ ၃၁ ရာခိုင်နှုန်းက ကာကွယ်ဆေး ထိုးဆေးအပြည့် ထိုးနှံပြီးပြီလို့ ရိုက်တာက ဖော်ပြထားပါတယ်။

4 months Ago
More News
Up