အထက်တန်းကျောင်း

June 7, 2021

သိန္နီမြို့ အထက်တန်းကျောင်းတွင် ဗုံးပေါက်ကွဲ

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့က အမှတ် ၁ အခြေခံပညာအထက်ကျောင်းမှာ မေ ၆ ရက် ည ၉ နာရီလောက်က  ဗုံးတစ်လုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

“ဗုံးကွဲတာ ထိခိုက်ဒဏ်ရာရတဲ့သူတော့ မရှိဘူး။ ဒီကျောင်းမှာ CDM မလုပ်တဲ့ ဆရာ၊ ဆရာမတွေက စစ်ကောင်စီအလိုကျလေ။ ဖိအားပေး ကျောင်းတက်ခိုင်းလို့ တစ်ခုခုဖြစ်ရင် ကလေးတွေအတွက် ဘယ်သူက တာဝန်ယူမှာလဲ” လို့ ကျောင်းသားမိဘ တစ်ဦးက ပြောပါတယ်။

အဆိုပါ စာသင်ကျောင်းမှာ ကျောင်းသား ကျောင်းသူ အနည်းငယ်သာ ကျောင်းတက်ရောက်နေတာဖြစ်ပါတယ်။

သိန္နီမြို့ဟာ စစ်တပ်တွေအခြေစိုက် ဝိုင်းရံထားတဲ့မြို့ဖြစ်သလို CDM မှာပါဝင်တဲ့ ပညာရေးဝန်ထမ်းဦးရေ ၇၀ နီးပါရှိပြီး  ပညာရေးဝန်ထမ်းတွေကို စစ်ကောင်စီက စောင့်ကြည့်ဖိအားပေးမှုတွေရှိပါတယ်။

အကြမ်းဖက်စစ်ကောင်စီက မြန်မာတနိုင်ငံလုံးအတိုင်အတာနဲ့  မေ ၂၄ ရက်က ကျောင်းအပ်စတင်လက်ခံကာ ဇွန် ၁ ရက်က ကျောင်းတွေ ပြန်စဖွင့်နေတာဖြစ်ပြီး လုံခြုံရေး ဆောင်ရွက်ပေးသွားမယ်လို့ ပြောထားပေမဲ့ စာသင်ကျောင်းတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက်ရှိနေပါတယ်။

2 weeks Ago

May 28, 2021

ဟံလင်းပျူမြို့ဟောင်းက အထက်တန်းကျောင်းတွင် ကျောင်းအပ်နှံသူမရှိ

ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ဟံလင်းပျူမြို့ဟောင်း အထက်တန်းကျောင်းမှာ မေလ ၂၈ ရက်နေ့အချိန်အထိ ကျောင်းအပ်နှံသူတစ်ယောက်မှ မရှိသေးဘူးလို့ ‌ဒေသခံတွေဆီက ပြောပါတယ်။

ဒေသခံတစ်ဦးက “တချို့လည်း စစ်ကျွန်ပညာရေးကို မလိုလားလို့ ဆန္ဒပြတဲ့အနေနဲ့ ကျောင်းမတက်ကြတာ၊ တချို့လည်း ဟိုနေရာပေါက်ကွဲဒီနေရာပေါက်ကွဲနဲ့ မိဘတွေက စိုးရိမ်လို့မအပ်ကြတာပေါ့၊ ဆရာဆရာမတွေလည်း လာတာတော့မမြင်ဘူးဗျ” လို့ ပြောပါတယ်။

ဟံလင်းကျေးရွာမှာ ပညာရေးဝန်ထမ်းအများအပြားရှိပြီး Non CDM တွေလည်း များတယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ်မှာ မေလ ၂၄ ရက်နေ့ကစပြီး စစ်ကောင်စီက စာသင်ကျောင်းတွေဖွင့်ဖို့ ပြင်ဆင်နေကြတာဖြစ်ပြီး စာသင်ကျောင်းတချို့သာ ကျောင်းအပ်သူ အနည်းအကျဉ်းသာရှိတယ်လို့ ပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

3 weeks Ago
More News
Up