အထက်တန်းကျောင်း

August 21, 2015

နယူးယောက် အထက်တန်းကျောင်း ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲ (ရုပ်သံ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ အထက်တန်းကျောင်းမှာ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှု သြဂုတ် ၂၀ ရက်နေ့က ဖြစ်ခဲ့လို့ အနည်းဆုံး ဆောက်လုပ်ရေးလုပ်သား ၃ ယောက် ဒဏ်ရာရတယ်လို့ မီးသတ်အရာရှိတွေက ပြောပါတယ်။ ညနေခင်းအစောပိုင်း ဂျွန်အက်ဖ်ကနေဒီ အထက်တန်းကျောင်း အဆောက်အဦ ၆ လွှာက ဓာတ်ခွဲခန်းမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်နေတုန်း ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ ရဲပြောခွင့်ရက ဆိုပါတယ်။ အနားက ရပ်ကွက်မှာနေတဲ့ ဒေသခံတယောက်က မိုးကြိုးမုန်တိုင်းလို့တော့ မထင်ပါဘူး၊ ဒါပေမယ့် တအိမ်လုံး ပြိုတော့မတတ် တုန်ခါသွားတယ်လို့ ပြောပါတယ်။ ဒဏ်ရာရသူ ၃ ယောက်ကို ဂျကိုဘီဆေးရုံ ခေါ်သွားတယ်၊ ၂ ယောက်က အသက်ဘေး မစိုးရိမ်ရဘဲ ၁ ယောက်ကတော့ အသက်ဘေး စိုးရိမ်ရလောက်အောင် ဒဏ်ရာပြင်းတယ်လို့ မီးသတ်ဌာန ပြောခွင့်ရက ပြောပါတယ်။ နယူးယောက်မှာ ကျောင်းဖွင့်ရာသီက စက်တင်ဘာ ၉ ရက်မှ စမှာ ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ကျောင်းနံရံ ၂ ခု ပျက်စီးခဲ့တယ်လို့ ရဲပြောခွင့်ရက ပြောပါတယ်။
6 years Ago
Up