အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ဦးနှောက်တွင်း အကျိတ်တည်ရောဂါ ခံစားနေရ

July 20, 2017

အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ဦးနှောက်တွင်း အကျိတ်တည်ရောဂါ ခံစားနေရ

အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းဟာ ဦးနှောက်တွင်း အကျိတ်တည်ရောဂါ ခံစားနေရပြီး အဲဒီအတွက် ဓာတုကုထုံးနဲ့ ဓာတ်ရောင်ခြည်ကုထုံး ပေါင်းစပ်ကုသမှာ ဖြစ်တယ်လို့ သူ့ရဲ့ရုံးက ဇူလိုင် ၁၉ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ်အဖြစ် သက်တမ်းခြောက်ခု တာဝန်ထမ်းခဲ့ပြီး ၂၀၀၈ သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဂျွန်မက်ကိန်းဟာ အသက် ၈၀ ရှိပြီဖြစ်ပြီး  ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက်နေ့က ဘယ်ဘက်မျက်လုံးအထက်  သွေးခဲမှုကို ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး အခုအခါမှာတော့ အရီဇိုးနားရှိ နေအိမ်မှာ ပြန်လည်သက်သာလာပြီ ဖြစ်ပါတယ်။ အဲဒီခွဲစိတ်မှုကနေ ပြုလုပ်ခဲ့တဲ့ တစ်သျှူးစစ်ဆေးချက်အရ ဦးနှောက်တွင်း အကျိတ်တည်တာကို သိရှိရပြီး သွေးခဲတာနဲ့ ဆက်စပ်မှုရှိတယ်လို့ သူ့ရဲ့ရုံးက ပြောကြားခဲ့ပါတယ်။ မက်ကိန်းဟာ ခွဲစိတ်မှုကနေ အတော်လေး ပြန်လည်ကောင်းမွန်လာပြီး ကျန်းမာရေး ကောင်းမွန်တယ်လို့ ဆရာဝန်တွေက ဆိုကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
6 years Ago
Up