အထက်မင်းလှ

May 18, 2019

အထက်မင်းလှမြို့နယ် လိန်​​ကျော​ကျေးရွာကို သောက်သုံးရေ လှူဒါန်း

မ​ကွေးတိုင်း​ဒေသကြီး မင်းလှမြို့နယ်​ လိန်​​ကျော​ကျေးရွာမှာ ​သောက်​သုံး​ရေ ပြတ်​လပ်​​နေတဲ့အတွက်​ မလွန်​-မင်းလှ ပရဟိတအဖွဲ့မှ ​မေလ ၁၇ ရက်​​နေ့က စတင်​ပြီး ၁၀ ရက်​စာ ​သောက်​သုံး​ရေ​တွေ လှူဒါန်းပေးနေပါတယ်။ မလွန်​-မင်းလှ ပရဟိတအဖွဲ့မှ ဦး​ဆောင်​သူ​ ​ဒေါက်​တာ ရဲထွန်း​ဇော်​က "အရင်​သုံး​နေတဲ့ ကန်​က ပြန်​ဆည်​လိုက်​တဲ့ အတွက်​ ​မိုးမရွာလို့ ​သောက်​သုံး​ရေပြတ်​လပ်​သွားတာပါ။ စင်ကာပူ​ရောက်​ အလှူရှင်​တေ​​ယောက်​ရဲ့ ပံ့ပိုးမှုနဲ့ တေ​​နေ့ကို ​ရေဂါလန် ၂၀၀၀ နှုန်းနဲ့ ၁၀ ရက်​စာလှူဒါန်း​ပေး​နေတာပါ။ မိုးကျတဲ့အထိ တ​နေ့ကို ​ရေကား နှစ်​စီးနှုန်း လှူဒါန်း​ပေး​​ပေးမှာပါ။” လို့ ပြောပါတယ်။ လိန်​​ကျော​ကျေးရွာမှာ အိမ်​​ထောင်​စု ၆၀ ​ကျော်​ ​လောက်​​နေထိုင်​ပြီး ကျွဲနွား​ကောင်း​ရေ ၂၀၀ ​လောက်​ရှိတယ်​လို့ သိရပါတယ်။ မြန်​မာနိုင်​ငံ အလယ်​ပိုင်း​အပူပိုင်း​ဒေသဖြစ်​တဲ့ မ​ကွေးတိုင်း​ဒေသကြီး အတွင်းက ​ကျေးရွာ​တွေမှာ နှစ်​စဉ်​ ​သောက်​သုံး​ရေပြတ်​လပ်​မှု ပြဿနာနဲ့ ရင်​ဆိုင်​ကြုံ​တွေ့​နေရတာပါ။ ​ကျေးလက်​​ဒေသ ဖွံ့ဖြိုးတိုးတက်​​ရေး ဦးစီးဌာနအပြင်​ ပြည်​တွင်းပြည်​ပ အလှူရှင်​​တွေ အကူညီနဲ့ ​သောက်​သုံး​ရေ လှူဒါန်းပေးတာ၊ ​ရေတွင်းတူး​ဖော်​​ပေးတာ​တွေ ​ဆောင်​ရွက်​​နေတယ်​လို့ သိရပါတယ်​။
3 years Ago

February 15, 2019

အထက်မင်းလှမြို့နယ်တွင် အထောက်အထားမဲ့ ဘင်္ဂါလီ ၄၃ ဦး ဖမ်းဆီးရမိ

မ​ကွေးတိုင်း​ဒေသကြီး၊ အထက်​မင်းလှမြို့နယ်​၊ ရေနံမ ရဲစခန်း အပိုင်​နယ်​​မြေအတွင်း ​တောထဲပုန်းခို​နေတဲ့ အ​ထောက်​ထားမယ့် ဘင်္ဂါလီ ၄၃ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။ ​ဖေ​ဖော်​ဝါရီ ၁၃ ရက်​​ ညက ​တောထဲမှာ ပုန်းခို​နေတဲ့ အ​ထောက်​အထားမရှိတဲ့ ဘင်္ဂါလီတွေကို  ဖမ်းဆီးရမိခဲ့တာလို့ ရေနံမနယ်​​မြေရဲစခန်းမှူး ရဲအုပ်​မျိုးမင်းထွန်းကပြောပါတယ်။ "​ဖေ​ဖော်​ဝါရီ ၁၂ ရက်​​နေ့က ဖမ်​ဆီးရမိခဲ့တဲ့ ဘင်္ဂလီ ၁၆ ဦးက တောထဲမှာ ၄၃ ဦး ကျန်​ရှိ​နေတယ်​လို့ စစ်​​ဆေး​ပေါ်​ပေါက်​တဲ့အတွက်​ ​ကျေးရွာ လူငယ်​အဖွဲ့​တွေနဲ့ ပူး​ပေါင်း ရှာ​ဖွေခဲ့တာပါ။ ဖေ​ဖော်​ဝါရီ ၁၃ ရက်​​ညက ပူး​ပေါင်းအဖွဲ့က ဝက်​သွယ်​​ကျေးရွာအနီး ​တောထဲက​နေ အ​ထောက်​ထားမဲ့ ဘင်္ဂလီလူမျိုး ၄၃ ဦးဖမ်းဆီး ရမိခဲ့တာပါ။” အဆိုပါ အ​ထောက်​ထားမဲ့ ဘင်္ဂါလီတွေကို ဖေ​ဖော်​ဝါရီလ ၁၄ ရက်​​မနက်​ပိုင်းက မင်းလှမြို့နယ်​ လဝကကို ပို့ဆောင်ပြီး  မှတ်​ပုံတင်​ဥပ​ဒေနဲ့ အ​ရေးယူထားပါတယ်​။ မင်းလှမြို့နယ်​အတွင်း အ​ထောက်​ထားမရှိတဲ့ ဘင်္ဂါလီတွေ ဆက်​တိုက်​ဝင်​​ရောက်​​နေတဲ့ အတွက်​ ရခိုင်​ရိုးမ​နဲ့ ဆက်​စပ်​​နေတဲ့ ​ကျေးရွာ​တွေမှာ အဖွဲ့ခွဲပြီး ပိတ်​ဆို့ ရှာ​ဖွေစစ်​​ဆေး​နေပါတယ်​။ အဆိုပါ ဘင်္ဂါလီလူမျိုး​ ၄၃ ဦးဟာ ရခိုင်​ပြည်​နယ်​ ​ကျောက်​​တော်​မြို့နယ်​က​နေ ပွဲစားတွေက ​ခေါ်​ဆောင်​လာတာဖြစ်​ပြီး ထွက်​ခွာရမယ့်အချိန်​မှာ ပွဲစား​ရောက်​မလာလို့ လူစုကွဲပြီး တောထဲမှာ ကျန်​​နေခဲ့တာလို့ ပြောပါတယ်​။ မင်​လှမြို့နယ်​အတွင်း ၂၀၁၈ ခုနှစ်​ကနေ ၂၀၁၉​ဖေ​ဖော်​ဝါရီ ၁၄ရက်အထိ အထောက်ထားမဲ့ ဘင်္ဂါလီ ၂၂၈ဦးနဲ့  လိုက်​ပါပို့​ဆောင်​သူ ၁၉ ဦး ဖမ်းဆီးအ​ရေးယူခံထားရပါတယ်။ သတင်း-မင်းထီး
3 years Ago
More News
Up