အထက်တန်းပြဆရာ၊ ဆရာမ

May 15, 2018

အထက်တန်းပြဆရာ၊ ဆရာမ ၁၇၀၀ ကျော်ကို ရန်ကုန်တက္ကသိုလ်တွင် မွမ်းမံသင်တန်းပို့ချနေ

မြန်မာတနိုင်ငံက အထက်တန်းပြဆရာ၊ ဆရာမဦးရေ ၁၇၀၀ ကျော်ကို မြန်မာနိုင်ငံ ဆရာ၊ဆရာမများ အဖွဲ့ချုပ်ကနေ ဦးဆောင်ပြီးဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းကို ရန်ကုန်တက္ကသိုလ်မှာ ပို့ချပေးနေပါတယ်။ ဒီသင်တန်းဟာ အခုနှစ်မှာ စတင်ပြောင်းလဲတော့မယ့် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်း ပုံစံအပြောင်းအလဲအတွက်ကို များစွာထိရောက်မှုရှိသလို ဘာသာရပ်တခုချင်းစီကို ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာကြီး၊ ဆရာမကြီးတွေက ပို့ချတဲ့အတွက် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်မှုတွေ ရှိလာနိုင်မယ်လို့ ဆရာဆရာမတွေကပြောပါတယ်။ ဒီသင်တန်းကိုတော့ အခြေခံပညာစာသင်ကျောင်းတွေက ဆရာ၊ ဆရာမတွေအပြင် ပညာရေးလောကမှာ ကျူရှင်သင်ကြားနေကြတဲ့ ဆရာ၊ဆရာမတွေနဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေက သံဃာတော်တွေ လာရောက်တက်ရောက်ကြတာ ဖြစ်ပါတယ်။ အဲဒီသင်တန်းကိုတော့ သွားလာရခက်ခဲ့တဲ့ ဒေသတွေဖြစ်တဲ့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က ဆရာ၊ ဆရာမတွေလည်း လာရောက်တက်ရောက်နေကြပါတယ်။
3 years Ago

May 14, 2018

ရုရှားအပေါ် အမေရိကန်ပိတ်ဆို့မှု အိုင်ယာလန် အလူမီနီယံစက်ရုံ ထိခိုက်နေ

ရုရှားနိုင်ငံအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုကြောင့် အိုင်ယာလန်နိုင်ငံက အလူမီနီယံ သန့်စင်စက်ရုံလည်း ထိခိုက်နစ်နာမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ ဥရောပမှာ အကြီးဆုံး အလူမီနီယံသန့်စင်စက်ရုံဖြစ်တဲ့ အဲဒီစက်ရုံကို ရုရှားကုမ္ပဏီ (UC) က လုပ်ကိုင်နေတာပါ။ UC ဟာ အဲဒီစက်ရုံကို ၂၀၀၇ ခုနှစ်က ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဧပြီ ၆ ရက်နေ့ ကြေညာခဲ့တဲ့ ပိတ်ဆို့အရေးယူမယ့်စာရင်းမှာ ရုရှားကုန်သည်တွေ၊ ထိပ်တန်း အစိုးရအရာရှိတွေ၊ ကုမ္ပဏီတွေနဲ့အတူ UC ကုမ္ပဏီလည်း ပါဝင်ခဲ့တာပါ။ အမေရိကန်က အမေရိကန်နိုင်ငံသားတွေနဲ့ ကုမ္ပဏီတွေကို အဲဒီစက်ရုံက အလူမီနီယံ မဝယ်ဖို့ တားမြစ်ထားပြီး အမေရိကန်မဟုတ်တဲ့ တဦးတယောက်ချင်းဖြစ်စေ၊ ကုမ္ပဏီဖြစ်စေ အဲဒီစက်ရုံက အလူမီနီယံ ဝယ်ယူခဲ့ရင် ပိတ်ဆို့အရေးယူမယ်လို့ ခြိမ်းခြောက်ထားတာကြောင့် အဲဒီစက်ရုံကို အထိနာစေလိမ့်မယ်လို့ လေ့လာသုံးသပ်သူတွေက ပြောကြပါတယ်။
3 years Ago
Up