အတ္တလန္တိတ်မုန်တိုင်း မာရီယာ ဗာဂျင်ကျွန်းနှင့် ပွါတိုရီကိုနိုင်ငံကို ဝင်ရောက်တိုက်ခတ်

September 20, 2017

အတ္တလန္တိတ်မုန်တိုင်း မာရီယာ ဗာဂျင်ကျွန်းနှင့် ပွါတိုရီကိုနိုင်ငံကို ဝင်ရောက်တိုက်ခတ်

ဒုတိယမြောက် အားပြင်းတဲ့ အတ္တလန္တိတ်မုန်တိုင်း မာရီယာဟာ စက်တင်ဘာ ၁၉ ရက်နေ့က ဗာဂျင်ကျွန်းတွေနဲ့ ပွါတိုရီကိုနိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ ပြင်းအားအဆင့် ၅ ရှိတဲ့ ဟာရီကိန်း မာရီယာကြောင့် ကာရေဘီယံကျွန်း ဒိုမီနီကာမှာ အပျက်အစီး အတော်လေးများခဲ့ပါတယ်။ မာရီယာဟာ ပြင်းအားအဆင့် ၄ ကို ခေတ္တရောက်ရှိသွားပေမယ့် အခုအခါ လေတိုက်နှုန်း တနာရီ ၁၇၅ မိုင်နှုန်းနဲ့ အားပြန်ကောင်းလာပါတယ်။ မာရီယာဟာ ယေဘုယအားဖြင့် ဟာရီကိန်း အာမာ လမ်းကြောင်းအတိုင်း ရွေ့လျားနေပြီး နောက်ထပ် ပြင်းအားအဆင့် ၅ ရှိတဲ့ ဟာရီကိန်းမုန်တိုင်းတခု ဖြစ်ပါတယ်။ ပွါတိုရီကို အုပ်ချုပ်ရေးမှူးက ကျွန်းနေပြည်သူ ၃ သန်းခွဲကို ဘေးလွတ်ရာပြောင်းရွှေ့ဖို့ ညွှန်ကြားထားပါတယ်။ ဟာရီကိန်းအာမာကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အပျက်အစီးတွေဟာ နောက်ထပ်ဝင်ရောက်မယ့် မုန်တိုင်းကြောင့် အန္တရာယ်ဖြစ်လာမှာကို တာဝန်ရှိသူတွေ စိုးရိမ်နေတယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
4 years Ago
Up