အတွင်းခံဘောင်းဘီသာဝတ်ပြီး

October 7, 2017

အတွင်းခံဘောင်းဘီသာဝတ်ပြီး အမှိုက်ကောက် ပညာပေးနေသည့် ဂျပန် လူငယ်အဖွဲ့

ဂျပန်နိုင်ငံ မြို့တော် တိုကျိုမှာ လူငယ်စေတနာ့ဝန်ထမ်း အဖွဲ့တဖွဲ့ဟာ လန်ကွတ်တီလို့ခေါ်တဲ့ အတွင်းခံဘောင်းဘီကိုသာ ဝတ်ပြီး အမှိုက်ကောက် သန့်ရှင်းရေးလုပ်ပေးနေပါတယ်။ သူတို့ဟာ အဲဒီလို လန်ကွတ်တီသာဝတ်ပြီး တိုကျိုမြို့ လမ်းတွေပေါ်မှာ အမှိုက်ကောက်ပေးကြတာဟာ အချိန် တနှစ်လောက် ရှိသွားပါပြီ။ ရာသီဥတုအေးတဲ့ အချိန်မျိုးမှာတော့ သူတို့ဟာ လန်ကွတ်တီအပြင် ဟက်ပီ (happi) လို့ခေါ်တဲ့ ဂျပန်ရိုးရာ အပေါ်ဝတ်အင်္ကျီကို ဝတ်ဆင်ပြီး အမှိုက်ကောက်ကြတာပါ။ အခုလို အဝတ်အစားဝတ်ပြီး အမှိုက်ကောက်ရတဲ့ ရည်ရွယ်ချက်က  မြို့တော်ကို သန့်ရှင်းအောင် လုပ်ရမယ်ဆိုတာကို လူအများ အတုယူစေဖို့သာမက ဂျပန်ရိုးရာ လန်ကွတ်တီကိုလည်း ပြန်လည်သုံးသပ်စဉ်းစားကြဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ အခုလို အမှိုက်ကောက်တဲ့ပွဲကို ပုံမှန်အားဖြင့် လန်ကွတ်တီ ထုတ်လုပ်ရောင်းချတဲ့ ဖွန်းဒိုရှီး ကုမ္ပဏီက စီစဉ်တာပါ။ လန်ကွတ်တီဟာ အစဉ်အလာအားဖြင့် အမျိုးသားများအတွက်လို့သာ ရှုမြင်ထားပေမယ့် လန်ကွတ်တီကို လွတ်လပ်တဲ့စတိုင်လို့ မြင်ကြတဲ့ အမျိုးသမီးတွေအတွက်ပါ ပစ်မှတ်ထားနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago
Up