အတ္တလန္တာအသင်း

A d v e r t i s e m e n t With Us

October 14, 2020

အာမတ်ဒီရယ်လို၏ အပြောင်းအရွှေ့ အံ့မခန်းဖြစ်ဟု အတ္တလန္တာအသင်းဥက္ကဋ္ဌ ပြော

လူငယ်ကစားသမား အာမက်ဒီရယ်လိုရဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီကို အပြောင်းအရွှေ့ အသေးစိတ် အချက်အလက်တွေဟာ ရူးလောက်စရာ ဖြစ်တယ်လို့ အတ္တလန္တာအသင်းဥက္ကဋ္ဌက ပြောပါတယ်။  ဆယ်ကျော်သက်အရွယ် တောင်ပံကစားသမားဟာ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ ယူနိုက်တက်အသင်းနဲ့ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။  ယူနိုက်တက်ဘက်က ၁၈ နှစ်အရွယ် ကစားသမားကို မခေါ်ယူခင် တစ်နှစ်ကျော်ကတည်းက စောင့်ကြည့်နေခဲ့တာလို့လည်း ဥက္ကဋ္ဌ အန်တိုနီယိုပါကတ်စီက ပြောပါတယ်။  ယူနိုက်တက်အသင်းဘက်က ဒီကစားသမားအတွက် ပေါင် ၃၇ ဒသမ ၃ သန်း အသုံးပြုရမှာဖြစ်ပြီး ပြောင်းရွှေ့ကြေးမှာ အပိုဆုကြေး ၁၇ သန်းပါ ပါဝင်ပါတယ်။ အလုပ်လုပ်ခွင့်ပါမစ်ကိစ္စကြောင့် ကစားသမားဟာ ယူနိုက်တက်အသင်းကို ဇန်နဝါရီလမှသာ ပူးပေါင်းနိုင်မှာ ဖြစ်ပါတယ်။ “ယူနိုက်တက်အသင်းနဲ့ ဆွေးနွေးမှုတွေက တစ်နှစ်လောက် ကြာခဲ့ပါတယ်။ အသေးစိတ် အချက်အလက်တွေကတော့ ရူးလောက်စရာပါပဲ။ ဆွေးနွေးမှုတွေ တစ်ကြိမ်ပြီး တစ်ကြိမ် လုပ်ဆောင်ပြီးချိန်မှာ ကျနော်တို့ ထင်မထားခဲ့တဲ့အရာတွေကို သိရှိခဲ့ရပါတယ်။ ဒါဟာ အသင်းရဲ့ တိုးတက်လာမှုနဲ့ ထိပ်ဆုံးကနေ အောက်ဆုံးအဆင့်မှာရှိနေတဲ့ ဝန်ထမ်းအားလုံးရဲ့ ကြိုးစားအားထုတ်မှုကိုလည်း ထင်ဟပ်စေပါတယ်” လို့ ပါကတ်စီက L’Eco di Bergamo သတင်းဌာနကို ပြောပါတယ်။ ယူနိုက်တက်အသင်းဘက်က စတင်ချဉ်းကပ်လာမှုနဲ့ ပတ်သက်ပြီးတော့လည်း “မန်စီတီးအသင်းနဲ့ ကန်ရတဲ့ လူငယ်လိဂ်ပွဲစဉ်အပြီး ရက်အနည်းငယ်ကြာတော့ နောက်ထပ် မန်ချက်စတာအသင်းတစ်ခုက ကျနော်တို့ဆီ ဆက်သွယ်လာပါတယ်။ သူတို့က ကစားသမားနောက်ကို လိုက်ခဲ့ပြီး အမှန်တကယ် ဆွေးနွေးမှုတွေ စတင်ခဲ့ပါတယ်။ ကျနော်တို့လည်း အင်္ဂလန်ကို ၂ ကြိမ် သွားရောက်ခဲ့ပါတယ်။ နောက်ဆုံးသဘောတူညီချက်မှာ ပါဝင်တဲ့ အချက်အလက်တွေဟာ တကယ့်ကို အံ့မခန်းပါပဲ။ ဒီလုပ်ငန်းစဉ်တစ်ခုလုံးမှာ ပါဝင်တဲ့ ပရော်ဖက်ရှင်နယ်တိုင်းဟာ တကယ့်ကို ထူးရှယ်တွေပါ။ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အများကြီး လေ့လာနိုင်ခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့ဟာ ကျနော်တို့ မငြင်းနိုင်တဲ့ကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီကောင်လေးက အနာဂတ်မှာ တောက်ပလာမယ်ဆိုရင် ကျနော်တို့ဟာ ကာလရှည် အသိအမှတ်ပြုမှုကို ရရှိမှာလည်း ဖြစ်ပါတယ်” လို့ အတ္တလန္တာဥက္ကဋ္ဌက ပြောပါတယ်။
4 months Ago
Up