အတိုးနှုန်းမြင့်မှုကြောင့် ရန္တပို​ အိုးလုပ်ငန်းရှင်များ အခက်ကြုံ

July 2, 2018

အတိုးနှုန်းမြင့်မှုကြောင့် ရန္တပို​ အိုးလုပ်ငန်းရှင်များ အခက်ကြုံ

အိုးလုပ်​ငန်းကို အဓိကထားလုပ်​ကိုင်​​နေတဲ့ မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံမြို့နယ်​ ရန္တပို​ ကျေးရွာသားတွေဟာ သမဝါယမအသင်းစုနဲ့ အခြား​​ငွေ​ချေးဌာနတွေ အပါအဝင်​၊ ​ချေး​ငွေ ထုတ်​​ချေး​ပေး​နေရာမှာ အတိုးနှုန်းမြင့်မှု​ကြောင့် အခက်​တွေ့​နေပြီး အစိုးရအ​နေနဲ့ နှစ်​ရှည်​​ချေး​ငွေ ပေး​စေချင်​တယ်​လို့ ​​အိုးလုပ်​ငန်းလုပ်​ကိုင်​တဲ့ ​ဒေါ်မြင့်နွယ်​က ​ပြောပါတယ်​။ “ရွာမှာ အိုးသမဆိုပြီး​ငွေ​ချေးတဲ့ အဖွဲ့ရှိတယ်​။ ​ချေးတဲ့​နေရာမှာလည်း ၃ လ တ​ကြိမ်​ဆပ်​၊ ၆ လ တ​ကြိမ်​ဆပ်​ဆိုတော့ ​ငွေလည်​ပတ်​မှုက မရှိ​တော့ဘူး။ ခဏပဲသုံးရပြီး အရင်း​​ရော အတိုးပါ ​ပေါင်းဆပ်​​နေရ​တော့ လုပ်​ငန်းလည်​ပတ်​နိုင်​မှုမရှိ​တော့ အဆင်​မ​ပြေဘူး​ပေါ့။ ပြီး​တော့ အတိုးနှုန်း ကလည်း များတာဆို​တော့ ​ကျေးရွာလူ​တွေ အခက်​အခဲအများကြီးကြုံ​နေရတယ်​၊ အစိုးရက​နေ နှစ်​ရှည်​​ချေး​ငွေထုတ်​​ပေးသွား​စေချင်​တယ်။” ရန္တပို​ကျေးရွာမှာ ရန္တပို (အိုးထုတ်​ကုန်​) ​ငွေစု ​ငွေ​ချေးသမဝါယမအသင်း လီမိတက်​ကို ဖွင့်လှစ်​ထားခဲ့ကာ ၁၅ ရက်​ဆပ်​၊ ၃ လဆပ်နဲ့ ၆ လဆပ်​နဲ့ ​​ချေး​ငွေထုတ်​​ချေး​ ပေး​နေတာပါ။ ရန္တပို​ငွေစု​ငွေ​ချေး သမဝါယမအသင်း ဥက္ကဋ္ဌဖြစ်​တဲ့ ဦးမြတ်​စိုးက “ဒီ​ချေး​ငွေလုပ်​ငန်းဟာ တိုင်း​ဒေသကြီးရဲ့ စီမံချက်​လို့​ပြောပါတယ်​။ မြင်းခြံမြို့နယ်​ သမဝါယမအသင်းစုက​နေ ​ငွေ​ချေး တာပါ။ ​ချေးတဲ့​နေရာမှာ ရိုးရိုးကုန်​ထုတ်​​ချေး​ငွေကို အတိုးနှုန်း ၁ ကျပ်​ ၅၀ ပြား၊ အိုး​ ရောင်းဝယ်​​ရေးကို အတိုးနှုန်း ၈ ကျပ်​ ၃၀ ပြား ​နှင့်​ ​မြေရှိ / မရှိ ကို ၁ ကျပ် ၅၀ပြား၊ ဆိုပြီး ​ချေး​ပေး တယ်​။ ​ချေးတဲ့​နေရာမှာလည်း နှစ်​ရှည်​မ​ချေးဘူး၊ လအလိုက်​ပဲ​ချေး​ပေးတယ်​။ ပြန်​ဆပ်​တဲ့ ​နေရာမှာ သတ်​မှတ်​ထားတဲ့လ​တွေကို အတိုး​ရောအရင်းပါ အားလုံး ပြန်​ဆပ်​ခိုင်းတယ်” ​လို့ ဒီဗွီဘီကို ​ပြောပါတယ်​။ အိုးလုပ်​ငန်း​တွေ လုပ်​ကိုင်​​နေတဲ့ ရန္တပို​ကျေးရွာကို မြင်းခြံမြို့နယ်​ သမဝါယမအသင်းစု ​ချေး​ငွေအဖွဲ့၊ Exim Bank (China) ​ချေး​ငွေအဖွဲ့၊ ပက်​မြန်​မာ​ချေး​ငွေအဖွဲနဲ့ ပညာ​ရေး​ ဖောင်​​ဒေးရှင်း ​ချေး​ငွေအဖွဲ့ ဆိုပြီး ​ငွေ​ချေး​နေတဲ့ အဖွဲ့တွေရှိကာ၊ အစိုးရမှ စိုက်​ပျိုး​ရေးလုပ်​ငန်း အတွက်​ ​ချေး​ပေး​နေ​တဲ့ စိုက်​ဘဏ်​​ချေး​ငွေတွေကိုလည်း ​ချေးယူသုံးစွဲ​နေရတာလည်း ဖြစ်​ပါ တယ်။ ​ချေးယူပြီး အချိန်​တိုကာလအတွင်း အတိုးအရင်းပါ ဆပ်​​နေရတဲ့အတွက်​ အခက်​အခဲ အများကြီး ကြုံ​နေရတာလည်း ဖြစ်​ပါတယ်​။ ရန္တပို​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ဦး​ကျော်​စွာဝင်း က “ကျ​နော်​တို့ရွာမှာ ​ငွေ​လာချေးတဲ့ အဖွဲ့​တွေ က အများကြီးရှိတယ်​။ ​ချေး​ပေးတဲ့​နေရာမှာလည်း အတိုးနှုန်းအမျိုးမျိုး​တွေနဲ့ ​ချေး​နေကြတာ၊ ပြီး​တော့ အချိန်​ကာလတို​လေး​ချေးတာဆို​တော့ အဆင်​မ​ပြေကြ​တော့ဘူး​ပေါ့။ အစိုးရအ​နေနဲ့ ​သေချာကွင်းဆင်း ​လေ့လာပြီး နှစ်​ရှည်​​ချေး​ငွေထုတ်​​ပေး​စေချင်​ပါတယ်​။ အခုဟာက ​ချေး​ငွေကို ထုတ်​ယူ​နေကြတာဟာ ခဏပဲအဆင်​​ပြေပြီး ကြာရင်​​ငွေတိုး​တွေနဲ့ အားလုံး ဒုက္ခ​ရောက်​သွား နိုင်​တယ်​”လို့ ဆိုပါတယ်​။ ရန္တပို​ကျေးရွာဟာ အိမ်​​ခြေ ၂၄၀ ရှိပြီး လူဦး​ရေ ၁၀၀၀ ​ကျော်​​နေထိုင်​ကာ အသက်​​မွေး ဝမ်း​ကြောင်း လုပ်​ငန်းဖြစ်​တဲ့ အိုးလုပ်​ငန်းကို အဓိကထား လုပ်​ကိုင်​​နေတဲ့ ​ကျေးရွာတ​ရွာလည်း ဖြစ်​ပါတယ်​။ သတင်း - ရီရီထွန်း (မြင်းခြံ)
3 years Ago
Up