အတုအယောင်

January 21, 2021

ပူတင်၏ကြွယ်ဝမှုကို ချပြထားသည့်ရုပ်သံ အတုအယောင်ဖြစ်ဟု  ရုရှားသမ္မတအိမ်တော်တုံ့ပြန် 

ရုရှားအတိုက်အခံ ခေါင်းဆောင် အလက်ဇီနာဗင်ညီ ဖြန့်ချိထားတဲ့ ရုရှားသမ္မတ  ပူတင်ရဲ့ကြွယ်ဝမှုအချက်အလက်တွေဟာ အတုအယောင်နဲ့ ရိုက်စားလုပ်ပေါက်သာဖြစ်တယ်လို့ ရုရှ သမ္မတအိမ်တော် ပြောခွင့်ရ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က ဇန်နဝါရီ ၂၀ ရက်မှာ ပြောလိုက်ပါတယ်။  နာဗယ်ညီရဲ့ အဖွဲ့အစည်းကို ဘဏ္ဍာငွေ ထောက်ပံ့တာ ထိန်းချုပ်ဖို့ကိုလည်း ပြည်သူကို သူက တိုက်တွန်းလိုက်ပါတယ်။ သမ္မတ ပူတင်ကို ဝေဖန်တဲ့ အထင်ရှားဆုံးသူဖြစ်ပြီး သီတင်းပတ်ကုန်ရက်က ထောင်ချခံထားရတဲ့ နာဗင်ညီက ရုပ်သံမှတ်တမ်း တခုကို ဖြန့်ချိခဲ့ပြီး အဲဒီ ရုပ်သံထဲမှာခမ်းနားထည်ဝါတဲ့ နန်းတော်တဆောင်ကို ပူတင်ပိုင်တယ်လို့ နာဗင်ညီနဲ့ သူ့ရဲ့ တရားစွဲခံ မဟာမိတ်တွေက စွပ်စွဲ ထားပါတယ်။  ရုရှားသမ္မတ အိမ်တော်ကတော့ ဒီ စွဲချက်ကို ငြင်းပါတယ်။ ၂၀၁၀တုန်းက သမ္မတ ဖြစ်သူ ဒမစ်ထရီ မက်ဒီဒေ့ဗ်ဟာ တရားဝင် လာဘ်စားနေတယ်လို့ စီးပွားရေးသမား တယောက်က စာရေးတိုင်ကြားချိန်က စွပ်စွဲချက်တွေ ထွက်လာခဲ့ဖူးပါတယ်။ အဲဒီအချိန်ကလည်း နာဗင်ညီကို ထောက်ခံသူတွေက လူထုကို စနေ ပြည်လုံးကျွတ် ဆန္ဒပြပွဲတွေမှာ ပူးပေါင်းဖို့ တိုက်တွန်းခဲ့ပါတယ်။  ၂၀၁၄ တုန်းကလည်း အမေရိကန် ဒေါ်လာ သန်း ၁၀၀၀ တန် ဆေးရုံ စီမံကိန်းက ငွေ တွေ တစိတ်တပိုင်းပါတဲ့ ရုရှား တောင်ပိုင်းက အိမ်ခြံဝင်း တခုအကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။  အဲဒီအချိန်က ပူတင်ရဲ့ ပြောခွင့်ရက သတင်းဌာန တွေ့ရှိချက်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို မတုန့်ပြန်ခဲ့ပါဘူး။  နာဗင်ညီနဲ့ သူ့ရဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဖောင်ဒေးရှင်းဟာ ပူတင်ပိုင်တယ်ဆိုတဲ့ အမေရိကန် ဒေါ်လာ ၁ ဒသမ ၃၆ ဘီလီယံတန် ပင်လယ်နက် နန်းတော်လို့ ပြောတဲ့ အဆောက်အအုံ ရဲ့ သရီးဒီနဲ့ ပုံဖော်ထားတဲ့ အပြင်အဆင်တွေရဲ့ အသေးစိတ်နဲ့ ဓာတ်ပုံတွေ ကို ဖြန့်ချိ ခဲ့ကြပါတယ်။ ဒီဖြန့်ချိထားတဲ့ အကြောင်းအရာက စစ်မှန်လားဆိုတာ လွတ်လွတ်လပ်လပ် သီးခြား စစ်ဆေး အတည်ပြုနိုင်မှုတော့ မရှိသေးပါဘူး။
9 months Ago
Up