အတိုးနှုန်းလျှော့ချ သတ်မှတ်

April 2, 2020

တောင်သူများအတွက် ချေးငွေများ အတိုးနှုန်းလျှော့ချ သတ်မှတ်

တောင်သူတွေကိုချေးပေးနေတဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးချေးငွေတွေအတွက် အတိုးနှုန်းတွေကို လျှော့ချသတ်မှတ်လိုက်သလို စုဆောင်းငွေအပေါ် အတိုးနှုန်းကိုလည်း လျှော့လိုက်တယ်လို့ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်ပါတယ်။ စိုက်ပျိုးစရိတ်ချေးငွေကို လက်ရှိ ၁ နှစ် အတိုးနှုန်း ၈ ရာခိုင်နှုန်းကနေ ၇ ရာခိုင်နှုန်း၊ JICA ရဲ့ စိုက်ပျိုးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေကို လက်ရှိ ၁ နှစ် အတိုးနှုန်း ၈ ရာခိုင်နှုန်းကနေ ၆ ဒသမ ၅ ရာခိုင်နှုန်း၊ MEB စိုက်ပျိုးရေးနဲ့ မွေးမြူရေးဆိုင်ရာ ၂ ဆင့်ချေးငွေ ကို လက်ရှိ ၁ နှစ် အတိုးနှုန်း ၉ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်း အသီးသီး လျှော့လိုက်ပါတယ်။ တောင်သူတွေရဲ့ စုဆောင်းအပ်နှံငွေပေါ်ပေးမယ့် အတိုးနှုန်းကိုလည်း လက်ရှိ ၁ နှစ် အတိုးနှုန်း ၈ ရာခိုင်နှုန်းကနေ ၆ ဒသမ ၅ ရာခိုင်နှုန်းကို ပြင်ဆင်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် ချေးငွေအပေါ်မှာအတိုးနှုန်းလျှော့လိုက်တာထက် စုငွေအပေါ်မှာ ပိုပြီး လျှော့လိုက်တာကို တွေ့ရပါတယ်။ ဒီပြင်ဆင်သတ်မှတ်ချက်တွေဟာ ဧပြီ ၁ ရက်နေ့ကစပြီး အကျိုးသက်ရောက်မယ်လို့လည်း ဆိုပါတယ်။
2 years Ago
Up