အတိုးနှုန်းများ

October 1, 2019

ဩစတြေးလျ ဗဟိုဘဏ် အတိုးနှုန်းများ စံချိန်တင်လျှော့ချ

အောက်တိုဘာလ ၁ ရက်နေ့က သြစတြေးလျ ဗဟိုဘဏ်ဟာ အတိုးနှုန်းတွေကို  ၀ ဒသမ ၇၅ ရာခိုင်နှုန်းနဲ့ စံချိန်တင် လျှော့ချလိုက်ပါတယ်။  ဒါဟာ  ကျဆင်းနေတဲ့ စီးပွားရေးကို တွန်းအားပေးတဲ့အနေနဲ့ ဒီနှစ်အဖို့ တတိယအကြိမ်  ဘဏ်တိုးနှုန်း လျှော့ချတာဖြစ်ပြီး လိုအပ်ခဲ့ရင် ပိုမိုလုပ်ဆောင်ဖို့ အသင့်ရှိတယ်ဆိုတာ ပြသလိုက်တာပါ။ အတိုးနှုန်း လျှော့ချတာ၊ အခွန်လျှော့ချတာ၊ အခြေခံအဆောက်အအုံပေါ်  ပိုလျှံသုံးစွဲတာကနေ စီးပွားရေးအရ အကျိုးဖြစ်ထွန်းတာတွေနဲ့ ပြည်တွင်းစီးပွားရေးမှာ သိမ်မွေ့တဲ့ အလှည့်အပြောင်း ဖြစ်စေတာကို ဗဟိုဘဏ်က ထောက်ပြတယ်လို့ ဘဏ္ဍာရေးဝန်ကြီး ဂျော့ရှ်-ဖရိုင်းဒန်ဘာက ပြောပါတယ်။ ဘဏ်တွေအနေနဲ့ လျှော့ချလိုက်တဲ့ အတိုးနှုန်းအတိုင်း  အပြည့်အဝ ဆက်လက်ဆောင်ရွက်သွားမယ် မျှော်လင့်တယ်ဆိုပြီး ဖရိုင်းဒန်ဘာက ဆိုပါတယ်။  သြစတြေးလျ စီးပွားရေးဟာ ၂၈ နှစ်လုံးလုံး ကျဆင်းတာမရှိဘဲ တိုးတက်ခဲ့တာပါ။  ဒါပေမဲ့ မနှစ်ကတော့ စီးပွားရေးဖွံ့ဖြိုးမှု နှေးကွေးတာ၊ ငွေကြေးဖောင်းပွမှု အနည်းငယ်ရှိတာ၊ အိမ်ခြံမြေဈေးကွက် မခိုင်မာတာနဲ့ အလုပ်လက်မဲ့နှုန်း မြင့်မားတာတွေကြောင့်  စီးပွားရေး ကျဆင်းမယ့်အန္တရာယ် မြင့်မားလာနေပါတယ်။ သြစတြေးလျ ဗဟိုဘဏ်ဟာ ကမ္ဘာလုံးဆိုင်ရာ ဖြစ်ပေါ်နေတဲ့ အတိုးနှုန်းကျဆင်းတဲ့ အခြေအနေတွေကို ထည့်သွင်းစဉ်းစားတယ်လို့လည်း ဘဏ္ဍာရေးဝန်ကြီး ဂျော့ရှ်-ဖရိုင်းဒန်ဘာက ပြောကြားခဲ့ပါတယ်။  ~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version ဩစေၾတးလ် ဗဟိုဘဏ္ အတိုးႏႈန္းမ်ား စံခ်ိန္တင္ေလွ်ာ့ခ် ေအာက္တိုဘာလ ၁ ရက္ေန႔က ၾသစေၾတးလ် ဗဟိုဘဏ္ဟာ အတိုးႏႈန္းေတြကို  ၀ ဒသမ ၇၅ ရာခိုင္ႏႈန္းနဲ႔ စံခ်ိန္တင္ ေလွ်ာ့ခ်လိုက္ပါတယ္။ ဒါဟာ  က်ဆင္းေနတဲ့ စီးပြားေရးကို တြန္းအားေပးတဲ့အေနနဲ႔ ဒီႏွစ္အဖို႔ တတိယအႀကိမ္  ဘဏ္တိုးႏႈန္း ေလွ်ာ့ခ်တာျဖစ္ၿပီး လိုအပ္ခဲ့ရင္ ပိုမိုလုပ္ေဆာင္ဖို႔ အသင့္ရွိတယ္ဆိုတာ ျပသလိုက္တာပါ။ အတိုးႏႈန္း ေလွ်ာ့ခ်တာ၊ အခြန္ေလွ်ာ့ခ်တာ၊ အေျခခံအေဆာက္အအုံေပၚ ပိုလွ်ံ သုံးစြဲတာကေန စီးပြားေရးအရ အက်ိဳးျဖစ္ထြန္းတာေတြနဲ႔ ျပည္တြင္းစီးပြားေရးမွာ သိမ္ေမြ႕တဲ့ အလွည့္အေျပာင္း ျဖစ္ေစတာကို ဗဟိုဘဏ္က ေထာက္ျပတယ္လို႔ ဘ႑ာေရးဝန္ႀကီး ေဂ်ာ့ရွ္-ဖ႐ိုင္းဒန္ဘာကေျပာပါတယ္။ ဘဏ္ေတြအေနနဲ႔ ေလွ်ာ့ခ်လိုက္တဲ့ အတိုးႏႈန္းအတိုင္း  အျပည့္အဝ ဆက္လက္ေဆာင္႐ြက္သြားမယ္ ေမွ်ာ္လင့္တယ္ဆိုၿပီး ဖ႐ိုင္းဒန္ဘာက ဆိုပါတယ္။ ၾသစေၾတးလ် စီးပြားေရးဟာ ၂၈ ႏွစ္လုံးလုံး က်ဆင္းတာမရွိဘဲ တိုးတက္ခဲ့တာပါ။  ဒါေပမဲ့ မႏွစ္ကေတာ့ စီးပြားေရးဖြံ႕ၿဖိဳးမႈ ေႏွးေကြးတာ၊ ေငြေၾကးေဖာင္းပြမႈ အနည္းငယ္ရွိတာ၊ အိမ္ၿခံေျမေဈးကြက္ မခိုင္မာတာနဲ႔ အလုပ္လက္မဲ့ႏႈန္း ျမင့္မားတာေတြေၾကာင့္  စီးပြားေရး က်ဆင္းမယ့္အႏၲရာယ္ ျမင့္မားလာေနပါတယ္။ ၾသစေၾတးလ် ဗဟိုဘဏ္ဟာ ကမာၻလုံးဆိုင္ရာ ျဖစ္ေပၚေနတဲ့ အတိုးႏႈန္းက်ဆင္းတဲ့ အေျခအေနေတြကို ထည့္သြင္းစဥ္းစားတယ္လို႔လည္း ဘ႑ာေရးဝန္ႀကီး ေဂ်ာ့ရွ္-ဖ႐ိုင္းဒန္ဘာက ေျပာၾကားခဲ့ပါတယ္။
2 years Ago
Up