အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် ဖြူးမြို့နယ်က အမျိုးသမီးများ ဆုတောင်းပွဲပြုလုပ်

A d v e r t i s e m e n t With Us

December 12, 2019

အတိုင်ပင်ခံပုဂ္ဂိုလ်အတွက် ဖြူးမြို့နယ်က အမျိုးသမီးများ ဆုတောင်းပွဲပြုလုပ်

အပြည်ပြည်ဆိုင်ရာတရားရုံး ICJမှာ နိုင်ငံတော်အကျိုးစီးပွားကာကွယ်ဖို့အတွက် သွားရောက်ရင်ဆိုင်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကျန်းမာစေဖို့နဲ့ လုပ်ငန်းဆောင်ရွက်တာတွေ အောင်မြင်စေဖို့ ရည်ရွယ်ပြီး ဖြူးမြို့ မဟာပုညမုနိဘုရားကြီးမှာ မြို့နယ်အတွင်းရှိအမျိုးသမီးတွေက ဆုတောင်းပွဲကို  ပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါဆုတောင်းပွဲ မဟာပုညမုနိဘုရားကြီးရဲ့ အင်္ဂါထောင့်မှာ အမျိုးသမီး ၅၀ ကျော်က မနေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ပရိတ်ရွတ်ဖတ်တာ၊ ဆုတောင်းမေတ္တာပို့သတာတွေလည်း ပြုလုပ်ခဲ့ကြပါတယ်။ သတင်း- ကျော်အောင် (ကညွတ်ကွင်း)
1 year Ago
Up