အတိုင်ပင်ခံပုဂ္ဂိုလ်

June 27, 2019

အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် လယ်သမားများတွေ့ဆုံပွဲ တိုက်ရိုက်ထုတ်လွှင့်မည်

ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လယ်သမား ၂၀၀၀ လောက် ဇွန်လ ၂၈ ရက်မနက်မှာ တွေ့ဆုံဖို့ ရှိပါတယ်။ တွေ့ဆုံပွဲကို ဓနုဖြူမြို့၊ လယ်ယာဝန်ဆောင်မှုစင်တာမှာ တွေ့ဆုံမှာဖြစ်ပြီး အခမ်းအနားကျင်းပပုံတွေကို ဇွန် ၂၈ ရက် မနက် ၉ နာရီ ၁၅ မိနစ်ကစတင်ပြီး မြန်မာ့ရုပ်မြင်သံကြား( MRTV )၊ MITV၊ မြန်မာ့အသံ ရေဒီယိုအစီအစဉ်နဲ့ Myanmar President Office Facebook Page၊ Myanmar State Counsellor Office Facebook Page၊ MOI Webportal Myanmar Facebook Page၊ MRTV Facebook Page၊ Myanmar Digital News Facebook Page တို့မှ တိုက်ရိုက်ထုတ်လွှင့် ပေးသွားမယ်လို့ သိရပါတယ်။
2 years Ago

June 21, 2019

အာဆီယံထိပ်သီးအစည်းအဝေး တက်ရန် အတိုင်ပင်ခံပုဂ္ဂိုလ် ထိုင်းနိုင်ငံသို့ ထွက်ခွာ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံ ထိပ်သီးအစည်း အဝေးတက်ရောက်ဖို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ အထူးလေယာဉ်နဲ့ ထွက်ခွာသွားတယ်လို့ နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယုဒ်ချန်အိုချာရဲ့ ဖိတ်ကြားချက်အရ ဘန်ကောက်မြို့မှာ ဇွန် ၂၂ရက်ကနေ ၂၃ရက်အထိ ကျင်းပမယ့် (၃၄)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်အပါအ၀င် အစိုးရ အဆင့်မြင့် တာဝန်ရှိပုဂ္ဂိုလ်တွေ လိုက်ပါသွားပါတယ်။ ဓာတ်ပုံ- သတင်းစဉ်
2 years Ago
More News
Up