အတိုက်အခံ ခေါင်းဆောင်

February 13, 2020

အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒို နိုင်ငံရပ်ခြား သွားပြီးနောက် ဗင်နီဇွဲလားသို့ ပြန်ရောက်ရှိ

မြောက်အမေရိကနဲ့ ဥရောပနိုင်ငံတွေကို သွားရောက်ခဲ့ပြီးနောက် ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင် ဟွမ်ဂွယ်ဒိုဟာ ဖေဖော်ဝါရီ ၁၁ ရက်က နိုင်ငံကို ပြန်ရောက်လာပါတယ်။ အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုဟာ သီတင်းသုံးပတ်ကြာ နိုင်ငံရပ်ခြားကို သွားရောက်ခဲ့ပြီး သူ့ကို နိုင်ငံခြားခေါင်းဆောင်တွေက ဂုဏ်ပြုခဲ့ကြပါတယ်။  ပြည်ပ သွားရောက်ခွင့် တားမြစ်ချက်ကို  စိန်ခေါ်ပြီး ဂွယ်ဒိုဟာ ဇန်နဝါရီ ၁၉ ရက်က ဗင်နီဇွဲလားကနေ ထွက်ခွာသွားပါတယ်။ ဂွယ်ဒိုဟာ  ကိုလံဘီယာ၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ စပိန်၊ အင်္ဂလန်၊ ကနေဒါနဲ့ အမေရိကန် နိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။ ဗင်နီဇွဲလား တရားဝင်သမ္မတအဖြစ် နိုင်ငံပေါင်း ၅၀ ကျော်က အသိအမှတ်ပြုထားတဲ့ ဟွမ်ဂွယ်ဒိုကို အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံသလို ဒါဗို့စ်မှာ လုပ်တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာလည်း သူ့ကို  ဂုဏ်ပြုကြပါတယ်။  ဟွမ်ဂွယ်ဒို ပြန်လာချိန် လေဆိပ်အတွင်းနဲ့ အပြင်ဘက်မှာ လက်ရှိအာဏာရပါတီကို ထောက်ခံသူတွေက သတင်းထောက်တွေနဲ့ အတိုက်အခံတွေကို တွန်းထိုးတိုက်ခိုက်တာတွေ လုပ်ပါတယ်။ နိုင်ငံရပ်ခြားကနေ ပြန်ရောက်လာတဲ့ ဂွယ်ဒိုက ဗင်နီဇွဲလားဟာ ယိုယွင်းနေပြီး ကယ်ဆယ်ရမှာ ဖြစ်တဲ့အတွက် မာဒူရိုအစိုးရအပေါ် နိုင်ငံတကာ ဖိအားတွေ တိုးလာလိမ့်မယ်လို့ ပြောခဲ့ပါတယ်။
2 years Ago

January 14, 2020

ကမ္ဘောဒီးယား အတိုက်အခံ ခေါင်းဆောင် နိုင်ငံတော် သစ္စာဖောက်မှုဖြင့် တရားစွဲခံရ 

ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် ကမ်ဆိုခါအပေါ်  နိုင်ငံတော် သစ္စာဖောက်မှု စွဲချက်တွေနဲ့ ဇန်နဝါရီ ၁၅ ရက်မှာ စတင် တရားစွဲဆိုဖို့ ရှိနေပါတယ်။ တရားစွဲဆိုမှု ဆက်လုပ်ဆောင်ဖို့ လုံလောက်တဲ့ အထောက်အထားတွေကို စုံစမ်းရေးမှူးတွေက  တွေ့ရှိထားပါတယ်။   အတိုက်အခံခေါင်းဆောင် ကမ်ဆိုခါကို ၂၀၁၇ တုန်းကလည်း ဖမ်းဆီးခဲ့ပြီး သူ့ပါတီ (CNRP) ကို ၂၀၁၈ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ရွေးကောက်ပွဲဝင်ခွင့် တားမြစ်ထားပါတယ်။  အဲဒီလုပ်ရပ်အပေါ် အနောက်နိုင်ငံတွေက ပြစ်တင်ရှုတ်ချခဲ့ပြီး ကမ်ဆိုခါကို လွှတ်ပေးဖို့ အာဏာရှင်ခေါင်းဆောင် ဟွန်ဆန်ကို တောင်းဆိုခဲ့ပါတယ်။ မနှစ်တုန်းက နေအိမ်အကျယ်ချုပ်ကနေ ကမ်ဆိုခါ လွတ်မြောက်လာခဲ့ပေမယ့် သူ့ပါတီကိုတော့ နိုင်ငံရေးလှုပ်ရှားခွင့် ဆက်လက် တားမြစ်ပိတ်ပင်ထားပါတယ်။ ကမ်ဆိုခါက သူ့အပေါ် စွဲဆိုထားတဲ့ စွဲချက်တွေက အဓိပ္ပာယ်မရှိဘူးလို့ ငြင်းဆိုပါတယ်။
2 years Ago
Up