အတိုက်အခံများဆန္ဒပြ

A d v e r t i s e m e n t With Us

December 30, 2020

နီပေါနိုင်ငံ၌ ရွေးကောက်ပွဲ စောစောကျင်းပပေးရန် အတိုက်အခံများဆန္ဒပြ

နီပေါဝန်ကြီးချုပ် ကေပီရှာမာအိုလီကို ဆန့်ကျင်တဲ့ အတိုက်အခံတွေက ဝန်ကြီးချုပ်ရဲ့ ပါလီမန်ဖျက်သိမ်းရေး ဆုံးဖြတ်ချက်ကို  ရုပ်သိမ်းဖို့နဲ့ ရွေးကောက်ပွဲ စောစောကျင်းပပေးဖို့  ဒီဇင်ဘာ ၂၉ ရက်မှာ တောင်းဆိုခဲ့ပါတယ်။  ကိုဗစ်-၁၉ ရောဂါကြောင့် လူစုလူဝေး မလုပ်ဖို့ တားမြစ်ချက်တွေ ရှိပေမဲ့ မြို့တော် ခတ္တမန္တူက  ဝန်ကြီးချုပ်ရုံး အပြင်ဘက်မှာ  ဆန္ဒပြသူတွေ စုဝေးဆန္ဒပြခဲ့ပါတယ်။  ဒီချီတက်ပွဲမှာ လူ တစ်သောင်းထက်မနည်း ပါဝင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ နီပေါဝန်ကြီးချုပ် အိုလီကတော့ အချင်းချင်းငြင်းခုံတာနဲ့ သူ့ပါတီဘက်က ပူးပေါင်း ဆောင်ရွက်မှု မရှိတာက ဆုံးဖြတ်ချက် မချနိုင်ဖြစ်စေပြီး သူဟာ ပါလီမန်ကို ဖျက်သိမ်းခဲ့ရတယ်လို့ ပြောပါတယ်။ ဒါဟာ  ဝန်ကြီးချုပ် အိုလီ ပါလီမန် ဖျက်သိမ်းပြီးနောက်ပိုင်း  အပြင်းထန်ဆုံး ဆန္ဒပြ ပွဲတွေထဲက တစ်ခုဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 
2 months Ago
Up