အတိုက်အခံပါတီ ဌာနချုပ်

January 19, 2021

အတိုက်အခံပါတီ ဌာနချုပ်များကို ယူဂန္ဓာစစ်တပ် စီးနင်း

ယူဂန္ဓာစစ်တပ်ဟာ အဓိကအတိုက်အခံပါတီရဲ့ ဌာနချုပ်တွေကို စီးနင်းခဲ့တယ်လို့ ပါတီခေါင်းဆောင် ဘော်ဘီဝိုင်းက ဇန်နဝါရီ ၁၈ ရက်မှာ ပြောပါတယ်။ အရင်အပတ်က ရွေးကောက်ပွဲနိုင်တယ်လို့ ကြေညာခဲ့တဲ့ သမ္မတ ယိုဝီရီမူစေဗေနီကို တရားဥပဒေအရ စိန်ခေါ်ဖို့ ပါတီဝင်တွေက ပြင်ဆင်ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။ ဘော်ဘီဝိုင်းကတော့ နေအိမ်အကျယ်ချုပ်ကျနေပြီး တခြားပါတီခေါင်းဆောင်တွေ ထွက်ပြေးနေရတယ်လို့ သူက ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးစင်္ကြံ ပါတီ NUP ရဲ့ ရုံးကို လုံခြုံရေး အကြောင်းပြချက်တွေအတွက် ပိတ်ထားတယ်လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။ ဒါပေမဲ့ အခြေအနေ အသေးစိတ်နဲ့ တပ်ဖွဲ့ဝင်တွေက ရုံးထဲကို ဝင်၊ မဝင်ကိုလည်း သူက မပြောခဲ့ပါဘူး။ ကမ်ဝိုကြာမြို့ ကမ်ပါလာဆင်ခြေဖုံးရပ်ကွက်က NUP ပါတီရုံးရှိရာ ခြံဝင်းကို စစ်သားတွေက ဝိုင်းထားပြီး လုပ်သားတွေကို အဝင်အထွက် ပေးမလုပ်ဘူးလို့ ပါတီ ပြောခွင့်ရက သီးခြား ပြောဆိုပါတယ်။ အာဖရိကရဲ့ သက်တမ်းအရှည်ဆုံး အုပ်ချုပ်သူတွေထဲက တယောက်ဖြစ်တဲ့ သမ္မတ မူဆေဗေနီဟာ ရွေးကောက်ပွဲမှာ မဲလိမ်တယ်ဆိုတဲ့ စွဲချက်ကို ပယ်ချပြီး ဒီရွေးကောက်ပွဲဟာ ယူဂန်ဒါသမိုင်းမှာ အလိမ်အညာအကင်းမဲ့ဆုံး ရွေးကောက်ပွဲ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။
9 months Ago
Up