အတိုက်အခံဆန္ဒပြပွဲ

August 11, 2019

အတိုက်အခံဆန္ဒပြပွဲအတွင်း လူ ၁၄၅ ဦးကို ရုရှားရဲ ဖမ်းဆီးခဲ့ဟု စောင့်ကြည့်ရေးအဖွဲ့ ပြော

ရုရှားရဲတွေဟာ အတိုက်အခံ ဆန္ဒပြပွဲတွေအတွင်း လူ ၂၄၅ ယောက်ကို သြဂုတ် ၁၀ ရက်က ဖမ်းခဲ့တယ်လို့ လွတ်လပ်တဲ့ စောင့်ကြည့်ရေးအဖွဲ့ တဖွဲ့က ပြောပါတယ်။  ဩဂုတ် ၁၀ ရက်နေ့ အစောပိုင်းက မြို့တော်မော်စကိုမှာ ထောင်သောင်းချီတဲ့ လူတွေ ဆန္ဒပြခဲ့ပြီး သူတို့ထဲက ၁၄၆ ယောက် အဖမ်းခံရပါတယ်။  အစိုးရက နှိမ်နင်းနေတဲ့ကြားက လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ တောင်းဆိုရင်း ချီတက်ခဲ့လို့ နှစ်တွေအတွင်း အကြီးဆုံး ရုရှားနိုင်ငံရေး ဆန္ဒပြပွဲ ဖြစ်ခဲ့ပါတယ်။ မော်စကိုက သမ္မတရုံး အဆောက်အဦမှာ ဩဂုတ် ၁၀ ရက်နေ့က အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေကို တာဝန်ချထားပါတယ်။  အတိုက်အခံတွေရဲ့ ချီတက်ပွဲအပြီးမှာ ဆန္ဒပြလူအုပ်က အနားမှာ စုရုံးခဲ့ပြီး လူရာပေါင်း များစွာက ကြွေးကြော်သံတွေ ဟစ်ကြွေးရင်း သမ္မတရုံးဆီ ချီတက‌ေလာခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။  လူငယ်ဆန္ဒပြသူ အများအပြားက ပူတင် သူခိုးလို့လည်း ကြွေးကြော်ခဲ့ကြတယ်လို့ ရိုက်တာ သတင်းဌာနက အစီရင်ခံပါတယ်။  ရုရှား အတိုက်အခံ နိုင်ငံရေးသမား လျိုဗော့ဆော်ဗွေကတော့ မော်စကိုမှာ ဆန္ဒပြပွဲ မစခင် ရဲတွေက သူ့ကိုဖမ်းခဲ့တယ်လို့ လူမှုကွန်ရက်ပေါ်ကနေ သြဂုတ် ၁၀ ရက်က ပြောပါတယ်။  ရဲတွေ သူ့ရုံးထဲ ဝင်လာပုံကိုပြထားတဲ့ ရုပ်သံကိုလည်း တွစ်တာလူမှုကွန်ရက်ပေါ်က သူ့စာမျက်နှာပေါ်မှာ တင်ထားခဲ့ပါတယ်။
Zawgyi Version အတိုက္အခံဆႏၵျပပြဲအတြင္း လူ ၁၄၅ ဦးကို ႐ုရွားရဲ ဖမ္းဆီးခဲ့ဟု ေစာင့္ၾကည့္ေရးအဖြဲ႕ ေျပာ DVB ႐ုရွားရဲေတြဟာ အတိုက္အခံ ဆႏၵျပပြဲေတြအတြင္း လူ ၂၄၅ ေယာက္ကို ၾသဂုတ္ ၁၀ ရက္က ဖမ္းခဲ့တယ္လို႔ လြတ္လပ္တဲ့ ေစာင့္ၾကည့္ေရးအဖြဲ႕ တဖြဲ႕က ေျပာပါတယ္။ ဩဂုတ္ ၁၀ ရက္ေန႔ အေစာပိုင္းက ၿမိဳ႕ေတာ္ေမာ္စကိုမွာ ေထာင္ေသာင္းခ်ီတဲ့ လူေတြ ဆႏၵျပခဲ့ၿပီး သူတို႔ထဲက ၁၄၆ ေယာက္ အဖမ္းခံရပါတယ္။ အစိုးရက ႏွိမ္နင္းေနတဲ့ၾကားက လြတ္လပ္တဲ့ ေ႐ြးေကာက္ပြဲေတြ က်င္းပေပးဖို႔ ေတာင္းဆိုရင္း ခ်ီတက္ခဲ့လို႔ ႏွစ္ေတြအတြင္း အႀကီးဆုံး ႐ုရွားႏိုင္ငံေရး ဆႏၵျပပြဲ ျဖစ္ခဲ့ပါတယ္။ ေမာ္စကိုက သမၼတ႐ုံး အေဆာက္အဦမွာ ဩဂုတ္ ၁၀ ရက္ေန႔က အဓိက႐ုဏ္း ႏွိမ္နင္းေရး ရဲေတြကို တာဝန္ခ်ထားပါတယ္။ အတိုက္အခံေတြရဲ႕ ခ်ီတက္ပြဲအၿပီးမွာ ဆႏၵျပလူအုပ္က အနားမွာ စု႐ုံးခဲ့ၿပီး လူရာေပါင္း မ်ားစြာက ေႂကြးေၾကာ္သံေတြ ဟစ္ေႂကြးရင္း သမၼတ႐ုံးဆီ ခ်ီတက‌ေလာခဲ့ၾကတယ္လို႔ မ်က္ျမင္သက္ေသေတြက ေျပာပါတယ္။ လူငယဆႏၵျပသူ အမ်ားအျပားက ပူတင္ သူခိုးလို႔လည္း ေႂကြးေၾကာ္ခဲ့ၾကတယ္လို႔ ႐ိုက္တာ သတင္းဌာနက အစီရင္ခံပါတယ္။ ႐ုရွား အတိုက္အခံ ႏိုင္ငံေရးသမား လ်ိဳေဗာ့ေဆာ္ေဗြကေတာ့ ေမာ္စကိုမွာ ဆႏၵျပပြဲ မစခင္ ရဲေတြက သူ႔ကိုဖမ္းခဲ့တယ္လို႔ လူမႈကြန္ရက္ေပၚကေန ၾသဂုတ္ ၁၀ ရက္က ေျပာပါတယ္။ ရဲေတြ သူ႔႐ုံးထဲ ဝင္လာပုံကိုျပထားတဲ့ ႐ုပ္သံကိုလည္း တြစ္တာလူမႈကြန္ရက္ေပၚက သူ႔စာမ်က္ႏွာေပၚမွာ တင္ထားခဲ့ပါတယ္။
2 years Ago
Up