အတိုက်အခံခေါင်းဆောင်

June 5, 2021

ဘီလာရုစ်သမ္မတကို ဖိအားပိုပေးရန် အတိုက်အခံခေါင်းဆောင်တိုက်တွန်း

အမေရိကန်ပြည်ထောင်စု၊ ယူကေနဲ့ဥရောပသမဂ္ဂတို့ဟာ ဘီလာရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုနဲ့ သူ့အစိုးရကို ပိုမိုဖိအားပေးဖို့ ပူးတွဲဆောင်ရွက်သင့်တယ်လို့ ဘီလာရုစ်အတိုက်အခံခေါင်းဆောင် ဗီယက်လာနာ ဆီခါနိုကာယာက ရိုက်တာသတင်း ဌာနကို ပြောပါတယ်။ 

 ဆီခါနိုကာယာက ဟာ လာမယ့်သီတင်းပတ် ဗြိတိန်ရှိ G7 ချမ်းသာတဲ့ နိုင်ငံများ ထိပ်သီး အစည်းအဝေး မတိုင်ခင်မှာ ပိုလန်နိုင်ငံ ဝါဆောခရီးစဉ်အတွင်း ခုလိုမှတ်ချက်ပေး ပြောကြား လိုက်တာဖြစ်ပြီး အဲ့ဒီမှာ ဘယ်လာရုစ်အတိုက်အခံတွေက တင်ပြတဲ့ အရေးကိစ္စတွေကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ထားပါတယ်။  

ဘီလာရုစ်ဟာ ပြီးခဲ့တဲ့လက သူ့ရဲ့လေပိုင်နက်ပေါ်က ရိုင်ယန်-အဲရ်လေကြောင်းလိုင်းကို အတင်းဆင်းသက်စေပြီး အတိုက်အခံဂျာနယ်လစ် တစ်ယောက်ကို ဖမ်းဆီးလိုက်ပြီးကတည်းက သူ့ရဲ့နိုင်ငံတကာအစီအစဉ်ကို အရှိန်မြှင့်လိုက်ပါတယ်။ 

ဘီလာရုစ်အတိုက်အခံကတော့ ရိုင်ရန်အဲက အဖြစ်အပျက်နောက်ပိုင်း လုံခြုံရေးကို ပိုမိုစိုးရိမ်လာပေမဲ့ ဒါဟာ အတိုက်အခံတွေကို သူတို့အလုပ် သူတို့လုပ်နေခြင်းကနေ တားဆီးနိုင်မှာ မဟုတ်ဘူးလို့  ဆီခါနိုကာယာက ပြောပါတယ်။ 

ရိုင်ရန်အဲရဲ့ အဖြစ်အပျက်ဟာ နိုင်ငံတော်ကိုထိပါးမှုလို့ ပုံဖော်ပြောဆိုခဲ့တဲ့ ဥရောပသမဂ္ဂ ကတော့ သူတို့ဟာ သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုအပေါ် စစ်မှန်တဲ့ အပြစ်ပေးမှုနဲ့ ဒဏ်ခတ်နိုင်ဖို့ ဘီလာရုစ်စီးပွားရေးမှာ အဓိကကျတဲ့နေရာကနေ ပါဝင်လုပ်ဆောင်နေတဲ့ ငွေချေးစာချုပ်ရောင်းအား၊ ရေနံကဏ္ဍနဲ့ ဘီလာရုစ်ပို့ကုန်ကြီးဖြစ်တဲ့ ပိုတက်ရှ်ဆားခဲ စတဲ့ ပစ်မှတ်ကဏ္ဍတွေကို စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ 

1 week Ago

December 26, 2020

မာလီနိုင်ငံ အတိုက်အခံခေါင်းဆောင် ဆိုမာလာကီ ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်

မာလီနိုင်ငံရဲ့ ကာလရှည်အတိုက်အခံ ခေါင်းဆောင်နဲ့ သမ္မတဖြစ်လာဖွယ်ရှိသူ ဆိုမာလာကီဟာ အသက် ၇၁ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တယ်လို့ သူ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဒီဇင်ဘာ ၂၅ ရက်မှာ ပြောပါတယ်။ ဆိုမာလာကီဟာ အိုင်အက်စ် သောင်းကျန်းသူတွေရဲ့ ကာလရှည်ဖမ်းဆီးမှုကနေ ပြန်လွတ်လာပြီး ၂ လအကြာမှာ ကွယ်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။   ဆိုမာလာကီဟာ ဒီဇင်ဘာ ၂၄ ရက်ညက ပဲရစ်မြို့မှာ ကွယ်လွန်ခဲ့တယ်ဆိုတာကလွဲလို့ အသေးစိတ်တွေကို သူ့ရဲ့ပြောခွင့်ရက မပြောခဲ့ပါဘူး။ ဒါပေမဲ့ ပြင်သစ်မီဒီယာတွေကတော့ ဆိုမာလာကီဟာ ကိုဗစ်-၁၉ ရောဂါကြောင့် ကွယ်လွန်တယ်လို့ ဖော်ပြကြပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းက ဆိုမာလာကီဟာ မာလီနိုင်ငံမြောက်ပိုင်း တင်မ်ဘွတ်ကူအရပ်မှာ မဲဆွယ်နေတုန်း သေနတ်သမားတွေ ပြန်ပေးဆွဲတာကို ခံခဲ့ရပါတယ်။ အောက်တိုဘာလမှာတော့ သူဟာ ပြင်သစ်အကူအညီပေးရေး ဝန်ထမ်းတစ်ဦး၊ အီတလီ ဓားစာခံ ၂ ဦးတို့နဲ့အတူ ပြန်လွတ်မြောက်ခဲ့တယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။
6 months Ago
More News
Up