တူရကီ သြဇာအကြီးဆုံး အတိုက်အခံ ဇာမန်သတင်းစာတိုက်ကို အစိုးရ ထိန်းချုပ်မှုအောက်မှာ ထားဖို့ တရားရုံးက ဆုံးဖြတ်လိုက်ပြီးနောက် ရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းတဲ့အတွက် မီဒီယာ လွတ်လပ်ခွင့် ထောက်ခံသူတွေနဲ့ အဓိကရုဏ်း ဖြစ်ပွားခဲ့ပါတယ်။
မတ် ၄ ရက်မှာ အစ္စတန်ဘူမှာရှိတဲ့ သတင်းစာတိုက် အပြင်ဘက်မှာ စုရုံးရောက်ရှိလာတဲ့ မီဒီယာ လွတ်လပ်ခွင့် ထောက်ခံသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေ ရေပိုက်တွေသုံးကာ လူစုခွဲခဲ့ပါတယ်။
အရာရှိတွေက တံခါးကို အတင်းအကြပ် ဖွင့်ပြီး သတင်းစာတိုက်ထဲကို ၀င်ရောက်ခဲ့ရာမှာ ရုံးတွင်းက သတင်းစာတိုက် ၀န်ထမ်းတွေနဲ့ အချင်းများခဲ့ပါတယ်။
ဇာမန်သတင်းစာနဲ့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ ဇာမန် တူဒေးကို သိမ်းယူတဲ့ အတွက် အခွင့်အရေး လှုပ်ရှားသူတွေနဲ့ ဥရောပ အရာရှိတွေက ဝေဖန်ခဲ့ပါတယ်။
ဟစ်မက်အုပ်စုကို အကြမ်းဖက် အုပ်စုအဖြစ်သတ်မှတ်ထားပြီး လက်ရှိအစိုးရကို ဖြုတ်ချဖို့ ကြိုးစားနေတယ်လို့ တူရကီက စွပ်စွဲထားပါတယ်။
5 years Ago