အတိုက္အခံ
September 10, 2019
ဟောင်ကောင်အကြီးအကဲ အတိုက်အခံများနှင့် ဆွေးနွေးမည်ဟု ကတိပြု
ဟောင်ကောင်အကြီးအကဲ ကယ်ရီလမ်က အတိုက်အခံတွေနဲ့ ဆွေးနွေးမယ်လို့ စက်တင်ဘာ ၁၀ ရက်မှာ ကတိပြုလိုက်ပြီး အကြမ်းဖက်တာတွေ ဆက်မလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။  ဗြိတိန်ကိုလိုနီဟောင်း ဟောင်ကောင်မှာ သီတင်းပတ်ကုန်ရက်တွေအတွင်း တခါတရံ အကြမ်းဖက်လာတဲ့ ပဋိပက္ခတွေဖြစ်အပြီး ခုလို ကတိပြုလိုက်တာပါ။  ၃ လကြာ ဆန္ဒပြပွဲဖြစ်ပွားရတဲ့ အဓိကအကြောင်းရင်းဖြစ်တဲ့ အငြင်းပွားဖွယ် ရာဇဝတ်သား လွှဲပြောင်းရေး ဥပဒေမူကြမ်းကို ကယ်ရီလမ်က အရင်အပတ်က တရားဝင် ရုပ်သိမ်းလိုက်ပါတယ်။ ဒါပေမယ့် ဒီလုပ်ရပ်ဟာ ဆန္ဒပြသူ အများအပြားကို ကျေနပ်အောင် မလုပ်နိုင်တော့ပါဘူး။ စက်တင်ဘာ ၈ ရက်က မြို့တလွှားမှာ ဆန္ဒပြသူတွေကို လူစုခွဲဖို့ ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ်ပြီး လိုက်ဖမ်းခဲ့လို့ ပရမ်းပတာ ဖြစ်ခဲ့ပါတယ်။  ဆန္ဒပြသူတွေက မြေအောက်ရထားဘူတာ အတော်များများရဲ့ ဝင်ပေါက်တွေကို ဖျက်ဆီးပြီး ပြတင်းပေါက်မှန်တွေကို ရိုက်ခွဲခဲ့ပြီး လမ်းပေါ်မှာ မီးရှို့တာတွေ စလုပ်ခဲ့ပါတယ်။ အမေရိကန် အောက်လွှတ်တော်က အဆိုပြုတဲ့ ဟောင်ကောင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အက်ဥပဒေဟာ ဟောင်ကောင် ပြည်တွင်းရေးကို စွက်ဖက်ဖို့ လုံးဝမလိုအပ်တဲ့ အရာလို့ ကယ်ရီလမ်က ဆက်ပြောပါတယ်။  နိုင်ငံခြား အင်အားစုတွေဟာ ဟောင်ကောင်မှာ ပရမ်းပတာဖြစ်အောင် ဖန်တီးပြီး တရုတ်အစိုးရကို ထိခိုက်အောင် လုပ်ဖို့ ကြိုးစားနေတယ်လို့ တရုတ်အရာရှိတွေက စွပ်စွဲပါတယ်။ ဒါ့အပြင် ဟောင်ကောင်ရဲ့ အခြေအနေက ပြည်တွင်းရေး ဖြစ်လို့ ပိုင်နက်ထဲမှာ စွက်ဖက်တာ မလုပ်ကြဖို့လည်း တခြားနိုင်ငံတွေကို သတိပေးခဲ့ပါတယ်။
4 years Ago
July 14, 2018
ဝင်းတင် (သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက်အခံ
ပြင်သစ်နိုင်ငံသူ ဆိုဖီမာလီဘိုး ပြုစုရေးသားခဲ့တဲ့ သတင်းစာဆရာ ဟံသာဝတီ ဦးဝင်းတင်အကြောင်း မြန်မာဘာသာပြန်စာအုပ်ကို ဇူလိုင် ၁၄ ရက်နေ့မှာ ထုတ်ဝေလိုက်ပါတယ်။ စာအုပ်ကို မူရင်းစာရေးဆရာရဲ့ ခွင့်ပြုချက်နဲ့ သွေး (စစ်ကိုင်း) က ဘာသာပြန်ဆိုပြီး ထုတ်ဝေဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ မူရင်းစာရေးဆရာ ဆိုဖီဟာ မြန်မာပြည်ကို တိတ်တခိုး ၀င်ရောက်ပြီး ဘဘဦးဝင်းတင်အပါအ၀င် အတိုက်အခံ ခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့ပြီး အခုစာအုပ်ကို ပြုစုထုတ်ဝေခဲ့တာပါ။ အခုစာအုပ်ဟာ အမှတ်တရ များစွာနဲ့အတူ ပြင်သစ်မှာ ထုတ်ဝေခဲ့တဲ့ စာအုပ်တအုပ်ဖြစ်ပြီး ဒီစာအုပ်ထုတ်ဝေခြင်းကြောင့် စာရေးဆရာဆိုဖီကို မြန်မာပြည် ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ ၀င်းတင် (သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက်အခံ စာအုပ် မိတ်ဆက်ပွဲနဲ့ ဘဘဦးဝင်းတင် အမှတ်တရပွဲကို ရန်ကုန်ဘုတ်ပလညဇာမှာ ဇူလိုင် ၁၄ ရက် နေ့လယ်ပိုင်းက ကျင်းပခဲ့ပြီး ဦးဝင်းတင်နဲ့အတူ တိုက်ပွဲဝင်ဖြတ်သန်းခဲ့ကြသူတွေက အမှတ်တရ စကားတွေ ပြောကြားခဲ့ကြပါတယ်။ ဒါ့အပြင် ငါတို့စာပေကနေ ၀င်းတင် (သို့မဟုတ်) ဦးမညွှတ်တတ်သော အတိုက်အခံစာအုပ်ကို ၂၀ ရာခိုင်နှုန်းလျော့ဈေးနဲ့ ရောင်းချပေးခဲ့ပါတယ်။
5 years Ago
Up