အတားအဆီး

April 10, 2021

မန္တလေးရှိ အတားအဆီးများကို အကြမ်းဖက်ရဲနှင့်စစ်တပ် ဖယ်ရှား

မန္တလေးမြို့မှာ အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဧပြီ ၁၀ ရက် မနက်ပိုင်းမှာပဲ ပြည်သူတွေ လုပ်ထားတဲ့ အတားအဆီးတွေကို ဖယ်ရှားတာနဲ့ လမ်းပေါ်သွားလာသူတွေကို စစ်ဆေးနေကြပါတယ်။

ချမ်းအေးသာစံမြို့နယ်ထဲမှာဆိုရင် ပြည်သူတွေ တားဆီးထားတဲ့ အတားအဆီးတွေကို ဘူဒိုဇာနဲ့ ဖယ်ရှားတဲ့အပြင် အနီးနား နေအိမ် အုတ်တံတိုင်းကိုပါ ဘူဒိုဇာနဲ့ ထိုးသွားခဲ့ပါတယ်။

လမ်းသွားလမ်းလာပြည်သူတွေကို စစ်ဆေးရာမှာလည်း ပြည်သူတွေရဲ့ ဖုန်းတွေ၊ ဆိုင်ကယ် toolbox တွေအပြင် စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ ပတ်သက်တဲ့ တက်တူးထိုးထား မထားဆိုတာ တွေပါ စစ်ဆေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ညပိုင်းမှာ ဧည့်စားရင်းစစ်တဲ့ပုံစံနဲ့ နေအိမ်တွေကို အတင်းအဓမ္မဝင်ရောက်ပြီး စစ်ဆေးတာတွေ လုပ်နေ ကြပါတယ်။

2 years Ago

April 5, 2021

မဟာအောင်မြေတွင် ပြည်သူများလုပ်ထားသည့် အတားအဆီးကို အကြမ်းဖက်စစ်တပ် ဖျက်ဆီး

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်မှာ ဧပြီလ ၅ ရက်နေ့  ၁၀ နာရီကျော် အချိန်က အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေဟာ ပြည်သူတွေ လုပ်ထားတဲ့ အကာအကွယ် အတားအဆီးတွေကို ဖျက်ဆီးသွားခဲ့ကြပါတယ်။

စိန်ပန်းရပ် ၄၁ လမ်းနဲ့ ၉၁ လမ်းဆုံက ရပ်ကွက်ထိပ်မှာ ကာထားတဲ့ သံတံခါးကြီးကိုလည်း ဘူဒိုဇာနဲ့ ထိုးကာ ဖျက်ဆီးသွားပြီး ပြည်သူတွေရဲ့ ဆိုက်ကယ်တွေကိုလည်း ယူသွားတယ်လို့ စိန်ပန်းရပ်နေပြည်သူ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေဟာ သံလျက်မော် အနောက်ရပ်ကွက်တွေထဲ ဝင်ရောက်ဖျက်ဆီးတာတွေရှိတယ်လို့ သိရပါတယ်။

2 years Ago
Up