အတည်မပြု

A d v e r t i s e m e n t With Us

April 10, 2020

အမေရိကန်ရှိ အသေးစားလုပ်ငန်းများအတွက် ဘီလီယံ ၂၅၀ အဆိုတင်မှု အတည်မပြု

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် စီးပွားရေးအကြပ်အတည်းဒဏ်ကို ရင်ဆိုင်နေရ တဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေကို ကူညီဖို့ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၅၀တန် အဆိုပြုချက်ကို အမေရိကန်အထက်လွှတ်တော်မှာ တင်ပြပေမယ့် ဧပြီ ၉ရက်မှာ အတည်မပြုနိုင် ဖြစ်ခဲ့တာပါ။  ဒီမိုကရက်ပါတီဝင်တွေနဲ့ကွန်ဆာဗေးတစ်ပါတီဝင်တွေ တဖက်ရဲ့ အဆိုပြုချက်ကို တဖက်က အပြန်အလှန် ပိတ်ဆို့ခဲ့ကြပါတယ်။  အသေးစားစီးပွားရေးလုပ်ငန်းတွေကို ငွေချေးပေးမယ့် ဒီမိုကရက်ပါတီက တင်သွင်းတဲ့ အဆို ပြုချက်ဟာ လိုအပ်ချက်တွေရှိလို့ ပြင်ဆင်ဖြည့်စွက်ဖို့ လိုတယ်လို့ ရီပတ်ဘလစ်ကင် ပါတီဝင်တွေက ပြောပါတယ်။  အသေးစားစီးပွားရေးလုပ်ငန်းတွေကို အရေးပေါ် ငွေချေးပေးရေး ရီပတ်ဗလစ်ကင် ပါတီဝင် တွေရဲ့ အဆိုပြုချက်ဟာ ဆေးရုံတွေ ဒေသန္တေအစိုးရတွေနဲ့ စားနပ်ရိက္ခာ အထောက်အပံ့တွေနဲ့ ပတ်သက်ပြီး အလားတူ ငွေပမာဏ ၂ ဆပါတဲ့ နောက်ဆက်တွဲ အချပ်ပိုပါမှသာ ထောက်ခံမယ်လို့ ဒီမိုကရက်ပါတီဝင်တွေက ပြောပါတယ်။  ကူးစက်ကပ်ဘေးသင့် စီးပွားရေးကို သက်သာရာရအောင် ကူညီဖို့ အောက်လွှတ်တော်ဟာ ဥပဒေ ၃ ရပ်အတွင်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၃ ထရီလီယံကို ခွဲဝေ သတ်မှတ်ပေးခဲ့ပြီးပါပြီ။
11 months Ago
Up