အတည်ပြုလူနာ ‌၅ ဦး

July 3, 2021

မွန်ပြည်နယ်၌ တစ်ရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာ ‌၅ ဦး ထပ်မံ သေဆုံး

မွန်ပြည်နယ်မှာ ဇူလိုင် ၃ ရက်နေ့ တစ်ရက်တည်း ကိုဗစ်-၁၉ အတည်ပြု လူနာသစ် ၅ ဦး ထပ်မံ သေဆုံးသွားခဲ့တယ်လို့ ကိုဗစ်အရေး ကူညီဆောင်ရွက်နေသူက  ဒီဗွီဘီကို ပြောပါတယ်။

သေဆုံးသွားသူတွေကတော့ မော်လမြိုင်မြို့နယ်က ၃ ဦး၊ သံဖြူဇရပ်နဲ့ သထုံမြို့နယ်က ၁ ဦးစီ စုစုပေါင်း ၅ ဦး ထပ်မံ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ အခုလို တစ်ရက်တည်း ကိုဗစ်အတည်ပြုလူနာ ၅ ဦး သေဆုံးတာဟာ ကိုဗစ်ကာလအတွင်း စံချိန်တင် လူသေဆုံးမှုလည်း ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ  ဇူလိုင် ၃ ရက်နေ့ထိ ကိုဗစ်-၁၉ တည်ပြုလူနာ စုစုပေါင်း  ‌၆၀၀ ကျော်ရှိပြီး  အဲဒီထဲမှာ ၁၅ ဦး သေဆုံးထားပြီး ဖြစ်ပါတယ်။

7 months Ago
Up