အတည်ပြုလူနာ ၁ သန်း ၂ သိန်

May 7, 2020

အမေရိကန်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁ သန်း ၂ သိန်းကျော် ရှိပြီ

အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်-၁၉ အတည်ပြု လူနာအရေအတွက် ၁ သန်း ၂ သိန်းကျော် နဲ့ သေဆုံးသူ ၇၃,၂၀၇ ဦး ရှိပြီလို့ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်ရဲ့ စာရင်းအရ သိရပါတယ်။ နယူးယောက် ပြည်နယ်ကတော့ အထိခိုက်ဆုံးဖြစ်ပြီး၊ အတည်ပြု လူနာဦးရေ ၃၃၃,၅၄၉ ဦးရှိပြီး သေဆုံးသူ ၂၅,၀၇၃ ဦးဖြစ်နေပါတယ်။  ဒီနောက်မှာ နယူးဂျာဆီပြည်နယ်က အတည်ပြုလူနာ ၁၃၁,၈၉၀ ဦးနဲ့ သေဆုံးသူ ၈,၅၄၉ ဦး ရှိနေပါတယ်။ အတည်ပြု လူနာ ၅ သောင်းကျော်တွေ့တဲ့ ပြည်နယ်တွေထဲမှာ အီလီနွိုက်စ် ၊ ကာလီ ဖိုးနီးယား၊ ပင်ဆယ်ဗေးနီးယားနဲ့ မတ်ဆာချူးဆက်တို့ ပါဝင်နေတယ်လို့ သိရပါတယ်။ မေလ ၇ ရက်နေ့ နောက်ဆုံးအချက်အလက်များအရ၊ ကမ္ဘာတဝန်း ကိုဗစ်-၁၉ အတည်ပြု လူနာဦးရေ ၃ သန်း ၈ သိန်းကျော် ရှိလာချိန်မှာ အမေရိကန်ပြည်ထောင်စုရဲ့ လူနာအရေအတွက်က ၁ သန်း ၂ သိန်းခြောက်သောင်း ကျော်ရှိနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
12 months Ago
Up