အတည်ပြုလူနာ ၁၅၀

November 1, 2020

သန်လျင်သဘာဝတရားရိပ်သာတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၅၀ ကျော်ရှိလာ

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်က သဘာဝတရားရိပ်သာ (သန်လျင်) မှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ ဖြစ်နေပြီး အောက်တိုဘာ ၃၁ ရက်နေ့အထိ ကူးစက်ခံလူနာ စုစုပေါင်း ၁၅၅ ယောက် ရှိပြီလို့ သိရပါတယ်။  ကိုဗစ်ရောဂါရှိ မရှိ စစ်ဆေးနေတာကတော့ ၄ ရက်လောက်ရှိပြီလို့လည်း သိရပါတယ်။ အဲ့ဒီ ကူးစက်ခံလူနာတွေထဲမှာ ရိပ်သာမှာရှိတဲ့ ဘိုးဘွားတွေလည်း ပါဝင်သလို ကျန်းမာရေးမကောင်းသူ၊ စိတ်ရောဂါဝေဒနာ ခံစားနေရသူတွေလည်း ပါဝင်နေတယ်လို့ သန်လျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က ပြောပါတယ်။  ကူးစက်ခံဘိုးဘွားတော်တော်များများဟာ ရောဂါအခံရှိသူတွေဖြစ်ပြီး လက်ရှိမှာတော့ အားလုံးကျန်းမာရေးကောင်းနေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အဲ့ဒီရိပ်သာမှာရှိတဲ့ ရဟန်သံဃာတွေ၊ သီလရှင်တွေ၊ ဘိုးဘွားတွေအားလုံးနီးပါးကို ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးရမယ့် အခြေအနေမျိုးရှိနေပြီး လူဦးရေ ၁ ထောင်ကျော်လောက်ကိုတော့ စစ်ဆေးထားတယ်လို့လည်း သိရပါတယ်။  သန်လျင်သဘာဝတရားရိပ်သာမှာ ကျန်းမာရေးမကောင်းသူတွေ၊ ရောဂါအခံရှိသူတွေလည်း ရှိနေသလို နေ့စဉ်လူအဝင်အထွက်တွေက များတဲ့အတွက် ကူးစက်ပြန့်ပွားမှုက စိုးရိမ်စရာအခြေအနေလည်း ဖြစ်နေတယ်လို့ ဆိုပါတယ်။  သဘာဝတရားရိပ်သာကိုတော့ လက်ရှိမှာ semi lockdown လုပ်ထားမှာဖြစ်ပြီး ရိပ်သာတွင်းမှာ နေထိုင်သူတွေကတော့ ၄၀၀၀ ကျော်ရှိနေပါတယ်။  သင်းသင်းဇော်
1 year Ago
Up