အတည်ပြုလူနာအသစ်

September 29, 2020

ပဲခူးတိုင်းတွင် အတည်ပြုလူနာအသစ် ၆၈ ဦး ထပ်မံတွေ့ရှိ

ပဲခူးတိုင်းဒေသကြီးမှာ  ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၆၈ ဦး ထပ်မံတွေ့ရှိကြောင်း စက်တင်ဘာ ၂၈ ရက် ညပိုင်းမှာ ပဲခူးတိုင်း ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။ အဲဒီ လူနာသစ်  ၆၈ ယောက်ထဲမှာ ပဲခူးမြို့နယ်က ၂၂ ယောက်ပါ၀င်ပြီး ခရီးသွားရာဇ၀င်မရှိဘဲ ဘယ်ကကူးစက်မှန်း မသိ သူ ၂ ဦးပါ၀င်ပါတယ်။ ၃ ဦးကတော့ အရင်သဲဖြူချောင်က အတည်ပြု လူနာ အမှတ်-၄၂၇၀ရဲ့ မိသားစု၀င်တွေဖြစ်ပြီး ကျန်တဲ့ ၁၇ ယောက်ကတော့ အသောက ဘုန်းကြီးကျောင်း၊ ပဲခူးတက္ကသိုလ်၊ စာကလေးကွင်း ၁၀ မိုင်ကုန်း၊ ထုံးကြီး၊ ဘုရားကြီး ကွာရန်တင်းစင်တာတွေမှာ အသွားအလာ ကန့်သက်ထားတဲ့ ရန်ကုန်ပြန်တွေဖြစ်တယ်လို့ ပဲခူးမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာရန်နိုင်ရှိန်းက ပြောပါတယ်။ “ အခု  ဒုတိယလှိုင်းမှာတွေ့တဲ့ ရောဂါပိုးက  ပထမလှိုင်းနဲ့မတူပဲ ကူးစက်နှုန်းက အရမ်းကိုမြန်နေပါတယ်။ ဒါ့ကြောင့် ပြည်သူတွေ၊ ကျန်းမာရေး၀န်ထမ်းတွေနဲ့ ပရဟိတ ညီအစ်ကိုမောင်နှမတွေအနေနဲ့  အထူးသတိထား ကြဖို့လိုပါတယ်။”လို့ ပဲခူးတိုင်းကျန်းမာရေးဦးစီးမှူးက  ပြောပါတယ်။ ဒါ့အပြင် ကျန်းမာရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေကို လိုက်နာပြီး နေထိုင်ကြဖို့ကိုလည်း အကြံပြုတိုက်တွန်းလိုက်ပါတယ်။ ပဲခူးတိုင်းမှာ ဆေးကုသမှု ခံယူနေတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၀၇ ယောက်ရှိပါတယ်။ လူနာတွေကို ကုသပေးနေတဲ့  ကလိဆေးရုံမှာ လူနာ ၁၀၀ လောက်အထိရှိနေပြီး  လူနာထားစရာ နေရာတွေလည်း ပြည့်နေပြီဖြစ်ပါတယ်။ အဲဒီအတွက် တိုင်းရင်းဆေးရုံကြီးကို လိုအပ်တာတွေပြင်ဆင်ထားပြီး ဖြစ်တဲ့အတွက် နောက်ရက်တွေဆို တိုင်းရင်းဆေးရုံမှာလည်း လူနာတွေထားရှိ ကုသနိုင်တော့မှာ ဖြစ်ပါတယ်၊၊  သတင်း- အောင်စိုးမိုး
7 months Ago
Up