အတည်ပြုလက်မှတ်ရေးထိုး

December 23, 2017

ဒေါ်နယ်ထရမ့်၏ အခွန်ဥပဒေသစ် အတည်ပြုလက်မှတ်ရေးထိုး

အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံအထိ အခွန်လျော့ချဖြတ်တောက်မှာဖြစ်တဲ့ အခွန်ဥပဒေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဒီဇင်ဘာ ၂၂ ရက်မှာ အတည်ပြု လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။ အဲဒီဥပဒေကို လွန်ခဲ့တဲ့ ရက်ပိုင်းက အမေရိကန်လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြုပေးလိုက်တာဖြစ်ပါတယ်။ အခုလို အခွန်ဥပဒေကို ပြင်ဆင်လိုက်နိုင်ဟာ ဒေါ်နယ်ထရမ့်အတွက် သမ္မတတာဝန်ထမ်းဆောင်တဲ့ တနှစ်တာကာလအတွင်း အကြီးဆုံး ဥပဒေပြုရေး အောင်ပွဲလည်းဖြစ်ပါတယ်။ ဒီအခွန်ဥပဒေဟာ ကုမ္ပဏီလုပ်ငန်းကြီးတွေအတွက်သာ အကျိုးဖြစ်ထွန်းစေပြီး၊ သာမန်ပြည်သူတွေအတွက် အကျိုးမရှိဘူးလို့လည်း အတိုက်အခံ ဒီမိုကရက်တစ် လွှတ်တော်အမတ်တွေက ဝေဖန်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up