အတင်းအဓမ္မဝင်ခေါ်သူ

August 31, 2019

စာသင်ခန်းအတွင်း ၄ တန်းကျောင်းသူအား အတင်းအဓမ္မဝင်ခေါ်သူ ၂ ဦးကို ရွာသားများ ဝိုင်းဖမ်း

နတ္တလင်းမြို့နယ်မှာ ကျောင်းစာသင်ခန်းအတွင်း ဝင်ရောက်ပြီး ၄ တန်းကျောင်းသူအား အတင်းအဓမ္မ ဝင်ရောက်ခေါ်ယူသူ နှစ်ဦးကို ကျေးရွာသားတွေက ဝိုင်းဝန်းဖမ်းဆီးပြီး အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ နတ္တလင်းမြို့နယ်​ ​ဖလံပင်​​ကျေးရွာအုပ်​စု ဖလံပင်​​ကျေးရွာ မူလတန်းကျောင်းမှာ​ သြဂုတ်​ ၃၀ ရက်​ ​နေ့လယ် ၂ နာရီလောက်က ၄ တန်း ကျောင်းသူတဦးကို အိမ်​က​ ခေါ်ခိုင်းတယ်ဆိုကာ စာသင်ခန်းထဲအထိ ဝင်ရောက်ပြီး အတင်းဆွဲခေါ်တဲ့ အမျိုးသားနဲ့ အပြင်မှာ စောင့်နေသူတဦးကို တောင်​ညိုရဲကင်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ တရားလို ပြုလုပ်တိုင်တန်းထားတဲ့ ဆရာမ ဒေါ်သင်းသင်းဆွေက “ကျမတို့ ထမင်းစား ​ကျောင်းဆင်း​ချိန် က​လေး​တွေနဲ့ အတူထိုင်​​နေတုန်း စာသင်​ခန်းထဲက လူစိမ်းအသံ ကြားလို့ သွားကြည့်​တော့ ၄ တန်းက မနှင်းသီရိ​ဇော်​ကို လက်​ကိုင်​ပြီး ​ခေါ်​နေတာ ​တွေ့ရလို့ အဲဒါနဲ့ နင် ​ဘာလုပ်​တာလဲ၊ တို့​ကျောင်းသားကို၊ မိဘကလွဲပြီး ဘယ်သူမှ မခေါ်ရဘူးလို့ ​ပြောတော့ ကျုပ်​က ​ကျောင်းသားမိဘလို့ ​ပြောတယ်​။ ကျမက နယ်​ခံဆရာမ ဆို​တော့ မိဘ မဟုတ်​မှန်း သိတယ်​။ က​လေးကို ​မေးကြည့်​တော့လည်း မသိဘူးလို့​ ပြောပါတယ်​။ သူက ထွက်​မသွားဘဲ ကျမကို ရန်​ပြုမယ့်အတိုင်း​ ပေ​စောင်း​စောင်းနဲ့ ကြည့်နေတာနဲ့ ရွာသား​တွေကို လှမ်း​ခေါ်ပြောပြတော့ ရွာသား​တွေက ဝိုင်းဖမ်းကြတာပါ” လို့ ပြောပါတယ်။ ​ ကျောင်းစာသင်ခန်းအတွင်း ကျောင်းသူအား ဝင်ရောက်ဆွဲခေါ်သူ ကိုသက်​(ခ)အာကာထက်​နဲ့ ​ကျောင်းဝင်းအပြင်မှာ ဆိုင်ကယ်နဲ့ စောင့်နေသူ ကိုဥက္ကာတို့ဟာ နတ္တလင်းမြို့နေသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ စတုတ္ထတန်း​ကျောင်းသူကို ကျောင်းစာသင်ခန်းထဲ့အထိ ဝင်ရောက်ပြီး အတင်းအဓမ္မ ခေါ်ယူသူတွေကို အမှုဖွင့် အရေးယူပေးဖို့ ဆရာမ ​ဒေါ်သင်းသင်း​ဆွေက တရားလို ပြုလုပ်​တိုင်​ကြားခဲ့တာပါ။ တောင်ညိုရဲကင်းက  ကိုသက်(ခ)အာကာထက်နဲ့ ဥက္ကာတို့ကို ဖမ်းဆီးပြီး ရာဇသတ်​ကြီးပုဒ်မ ၄၄၇/၃၅၄/၁၁၄ တို့နဲ့ အမှု​ဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။ မေသွယ် ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ Zawgyi_version စာသင္ခန္းအတြင္း ၄ တန္းေက်ာင္းသူအား အတင္းအဓမၼဝင္ေခၚသူ ၂ ဦးကို ႐ြာသားမ်ား ဝိုင္းဖမ္း နတၱလင္းၿမိဳ႕နယ္မွာ ေက်ာင္းစာသင္ခန္းအတြင္း ဝင္ေရာက္ၿပီး ၄ တန္းေက်ာင္းသူအား အတင္းအဓမၼ ဝင္ေရာက္ေခၚယူသူ ႏွစ္ဦးကို ေက်း႐ြာသားေတြက ဝိုင္းဝန္းဖမ္းဆီးၿပီး အမႈဖြင့္ အေရးယူထားတယ္လို႔ သိရပါတယ္။ ပဲခူးတိုင္းေဒသႀကီး၊ နတၱလင္းၿမိဳ႕နယ္​ ​ဖလံပင္​​ေက်း႐ြာအုပ္​စု ဖလံပင္​​ေက်း႐ြာ မူလတန္းေက်ာင္းမွာ​ ၾသဂုတ္​ ၃၀ ရက္​ ​ေန႔လယ္ ၂ နာရီေလာက္က ၄ တန္း ေက်ာင္းသူတဦးကို အိမ္​က​ ေခၚခိုင္းတယ္ဆိုကာ စာသင္ခန္းထဲအထိ ဝင္ေရာက္ၿပီး အတင္းဆြဲေခၚတဲ့ အမ်ိဳးသားနဲ႔ အျပင္မွာ ေစာင့္ေနသူတဦးကို ေတာင္​ညိဳရဲကင္းမွာ အမႈဖြင့္ထားတယ္လို႔ သိရပါတယ္။ တရားလို ျပဳလုပ္တိုင္တန္းထားတဲ့ ဆရာမ ေဒၚသင္းသင္းေဆြက “က်မတို႔ ထမင္းစား ​ေက်ာင္းဆင္း​ခ်ိန္ က​ေလး​ေတြနဲ႔ အတူထိုင္​​ေနတုန္း စာသင္​ခန္းထဲက လူစိမ္းအသံ ၾကားလို႔ သြားၾကည့္​ေတာ့ ၄ တန္းက မႏွင္းသီရိ​ေဇာ္​ကို လက္​ကိုင္​ၿပီး ​ေခၚ​ေနတာ ​ေတြ႕ရလို႔ အဲဒါနဲ႔ နင္ ​ဘာလုပ္​တာလဲ၊ တို႔​ေက်ာင္းသားကို၊ မိဘကလြဲၿပီး ဘယ္သူမွ မေခၚရဘူးလို႔ ​ေျပာေတာ့ က်ဳပ္​က ​ေက်ာင္းသားမိဘလို႔ ​ေျပာတယ္​။ က်မက နယ္​ခံဆရာမ ဆို​ေတာ့ မိဘ မဟုတ္​မွန္း သိတယ္​။ က​ေလးကို ​ေမးၾကည့္​ေတာ့လည္း မသိဘူးလို႔​ ေျပာပါတယ္​။ သူက ထြက္​မသြားဘဲ က်မကို ရန္​ျပဳမယ့္အတိုင္း​ ေပ​ေစာင္း​ေစာင္းနဲ႔ ၾကည့္ေနတာနဲ႔ ႐ြာသား​ေတြကို လွမ္း​ေခၚေျပာျပေတာ့ ႐ြာသား​ေတြက ဝိုင္းဖမ္းၾကတာပါ” လို႔ ေျပာပါတယ္။ ​ ေက်ာင္းစာသင္ခန္းအတြင္း ေက်ာင္းသူအား ဝင္ေရာက္ဆြဲေခၚသူ ကိုသက္​(ခ)အာကာထက္​နဲ႔ ​ေက်ာင္းဝင္းအျပင္မွာ ဆိုင္ကယ္နဲ႔ ေစာင့္ေနသူ ကိုဥကၠာတို႔ဟာ နတၱလင္းၿမိဳ႕ေနသူေတြ ျဖစ္တယ္လို႔ သိရပါတယ္။ စတုတၳတန္း​ေက်ာင္းသူကို ေက်ာင္းစာသင္ခန္းထဲ့အထိ ဝင္ေရာက္ၿပီး အတင္းအဓမၼ ေခၚယူသူေတြကို အမႈဖြင့္ အေရးယူေပးဖို႔ ဆရာမ ​ေဒၚသင္းသင္း​ေဆြက တရားလို ျပဳလုပ္​တိုင္​ၾကားခဲ့တာပါ။ ေတာင္ညိဳရဲကင္းက  ကိုသက္(ခ)အာကာထက္နဲ႔ ဥကၠာတို႔ကို ဖမ္းဆီးၿပီး ရာဇသတ္​ႀကီးပုဒ္မ ၄၄၇/၃၅၄/၁၁၄ တို႔နဲ႔ အမႈ​ဖြင့္ စစ္ေဆးေနတယ္လို႔ သိရပါတယ္။ ေမသြယ္
2 years Ago
Up