COVID-19 ရောဂါကို တိုက်ဖျက်ဖို့ ကာကွယ်ဆေးနဲ့ကုသဆေးတွေကို အညီအမျှ ဖြန့်ဝေ သွားရမယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အကြီးအကဲက မေလ ၁၅ ရက်မှာ ပြောဆို လိုက်ပါတယ်။
သိပ္ပံပညာရှင်နဲ့ သုတေသီတွေက COVID-19 အတွက် အမြန်ဆုံး အဖြေရှာနေကြပေမယ့် ကာကွယ်ဆေးနဲ့ကုသဆေးတွေကို အညီအမျှ ဖြန့်ဝေခြင်းဖြင့်သာ ကပ်ရောဂါကို အနိုင်ရနိုင်မယ်လို့ WHO အကြီးအကဲ ဒေါက်တာ တက်ဒရို ဂတ်ဘရီအီးဆပ်စ်က ပြောလိုက်ပါတယ်။
သမားရိုးကျ ဈေးကွက်ပုံစံနဲ့ တuမ္ဘာလုံး လိုအပ်တဲ့ အတိုင်းအတာကို ဖြည့်စွမ်းနိုင်မှာ မဟုတ်ဘူးလို့ ဒေါက်တာ တက်ဒရိုက သတိပေးလိုက်ပြီး တကမ္ဘာလုံး စည်းလုံးမှုမရှိရင် အန္တရာယ် ဆက်ရှိနေမယ်လို့ သူက ထပ်လောင်း ပြောဆိုလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဒေါက်တာ တက်ဒရို က အနာဂတ်ကပ်ရောဂါ သက်ရောက်မှုတွေကို လျှော့ချတဲ့အနေနဲ့ ကျန်းမာရေးကဏ္ဍမှာ ရင်းနှီး မြှုပ်နှံဖို့ ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းခဲ့ပါတယ်။
11 months Ago