အဇာဘိုင်ဂျန်သမ္မတ ဇနီးသည်အား ဒုသမ္မတအဖြစ် ခန့်အပ်

February 22, 2017

အဇာဘိုင်ဂျန်သမ္မတ ဇနီးသည်အား ဒုသမ္မတအဖြစ် ခန့်အပ်

အဇာဘိုင်ဂျန်သမ္မတ အီဟမ်အေလီရက်ဗ်ဟာ သူရဲ့ဇနီးသည်ကို ဒုတိယသမ္မတ အဖြစ်ခန့်အပ်လိုက်တယ်လို့ The Daily Star အင်တာနက်သတင်းစာမျက်နှာမှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က ဖော်ပြထားပါတယ်။ လောင်စာဆီချမ်းသာတဲ့ ကက်စပီရမ်နိုင်ငံတစ်ခုမှာ ဒီလက်တလော လှုပ်ရှားလိုက်မှုက မိသားစုရဲ့သံမဏိ စည်းမျဉ်းချုပ်ကိုင်မှုကို တင်းကျပ်လိုက်ပုံရပါတယ်၊ ထင်ရှားကျော်ကြားလှတဲ့ မြို့မျက်နှာဖုံး ရှေ့နေ မယ်ရီဘန်အေလီရက်ဗာကို ရာထူးပိုမိုတိုးမြှင့်လိုက်တာက တိုင်းပြည်မှာ သူမခင်ပွန်းပြီးရင် တရားဝင် ဒုတိယအကြီးဆုံးသူဖြစ်လာပါတယ်။ “သူမက တကယ့်ကျွမ်းကျင်တဲ့ ပညာတတ်တဲ့ အတွေ့အကြုံရှိတဲ့ စည်းမျဉ်းစည်းကမ်းကောင်းပြီး စိတ်ထားကောင်း ရက်ရောတဲ့ အမျိုးသမီးတဦးပါ” လို့ သမ္မတအလီရက်ဗ်က အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောလိုက်ပါတယ်။ သူမရဲ့ အသုံးအဖြုံးကြီးမှုကြောင့် နာမည်ကျော်ကြားလှတဲ့ မယ်ရီဘန်အေလီရက်ဗာ အသက် ၅၂ နှစ်ဟာ အဇာဘိုင်ဂျန်ရဲ့ အာဏာရ Yeni Azerbaijan ပါတီရဲ့ လွှတ်တော်အမတ်တစ်ဦးအဖြစ် ၂၀၀၅ ခုနှစ်ကတည်းက တာဝန်ယူခဲ့ပြီး ယခင်က သမ္မတဟောင်းနဲ့ သူမရဲ့ ယောက္ခမဖြစ်သူက အမည်ပေးထားတဲ့ သြဇာကြီးတဲ့ ဟေးဒါအေလီရက်ဗ် ဖောင်ဒေးရှင်းရဲ့ အကြီးအကဲတဦးလည်း ဖြစ်ပါတယ်။ “ဒီအခွင့်အာဏာကို ကျမညှိနှိုင်းကာကွယ် လုပ်ဆောင်သွားမှာပါ” လို့ သူမက လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောခဲ့ပြီး “တိုင်းပြည်နဲ့လူမျိုးရဲ့ အကျိုးစီးပွားက ကျမရဲ့အထက်မှာ အမြဲပဲ ရှိနေရမှာပါ” လို့လည်း သူမက ဖြည့်ပြောသွားပါသေးတယ်။ သြဇာအာဏာကြီးတဲ့ ပါရှာရက်ဗ်မိသားစုမှ မွေးဖွားကြီးပြင်းလာခဲ့တဲ့ မယ်ရီဘန်အေလီရက်ဗာကို ကွန်မြူနစ်ခေတ်ရဲ့ အကြီးအကဲ ကေဂျီဘီ အရာရှိဟောင်း ဖခင် ဟေးဒါ သေဆုံးပြီးနောက် ၂၀၀၃ ခုနှစ်မှာ အာဏာ ရယူခဲ့တဲ့ သူမခင်ပွန်းရဲ့ အရိုက်အရာကို ဆက်ခံနိုင်မယ့်သူလို့လည်း ခန့်မှန်းနေကြပါတယ်။ ပထမဦးဆုံး ဒုတိယသမ္မတ အာဏာရာထူးကို မိတ်ဆက်ပေးခဲ့တဲ့ ၂၀၁၆ ခုနှစ်က တင်းကျပ်စွာ စီမံဆောင်ရွက်ထားတဲ့ လူထုဆန္ဒခံယူပွဲအပြီးမှာ အခြေခံဥပဒေ အပြောင်းအလဲဖြစ်ခဲ့ပြီး ဒုသမ္မတရာထူး ခန့်အပ်မှု ဖြစ်ခဲ့တာပါ။ ဒီခြေလှမ်းတွေကို အုပ်ချုပ်သူ အာဏာရှင်ဆန့်ကျင်သူတွေက အေလီရက်ဗ်မိသားစုရဲ့ အာဏာလက်ဆင့်ကမ်း ဆက်ခံဖို့အတွက် နည်းဗျူဟာအဖြစ်လည်း ဝေဖန်ထားကြပါတယ်။ အဇာဘိုင်ဂျန်ရဲ့ အတိုက်အခံတွေက အေလီရက်ဗာကို ဒုသမ္မတအဖြစ် ရာထူးတိုးမြင့်မှုဟာ လုံးဝဒီမိုကရေစီ မဆန်ဘူးလို့လည်း ဒေါသတစ်ကြီး ဝေဖန်ကြပါတယ်။ “ဒီလှုပ်ရှားလိုက်မှုက ဟိုးယခင်အဇာဘိုင်ဂျန်ရဲ့ ခေတ်မမီတဲ့ကာလတွေကလို ယခင်ပုံစံကြီးအတိုင်းပါပဲ” လို့ အတိုက်အခံခေါင်းဆောင် မူဆာဗက်ပါတီက အီစာဂမ်ဘာက အေအက်ဖ်ပီသတင်းဌာနကို ပြောလိုက်ပါတယ်။ “မိသားစုဝင်တွေကပဲ အာဏာအဆင့်ဆင့် ဆက်ခံတယ်ဆိုတာ ၂၁ ရာစုမှာ ခေတ်မရှိတော့ပါဘူး” လို့ အီစာဂမ်ဘာက ဖြည့်ပြောလိုက်ပါတယ်။ အဆင့်မြင့်ဇိမ်ခံတာတွေကို မက်မောတဲ့ အသုံးအဖြုံးကြီးလှတဲ့ အေလီရက်ဗာဟာ ဝိ့က်ကလိ့ခ်မှာ “အရမ်း ဖက်ရှင်ကျတဲ့ ခေတ်ဆန်လွန်းတဲ့ သမ္မတကတော်အဖြစ်” ခေါ်ဆိုသုံးနှုန်းထားပါတယ်။ “သမ္မတကတော် အေလီရက်ဗာဟာ နိုင်ငံရပ်ခြားသွားပြီး အလှအပအတွက် ခွဲစိတ်မှုတွေ လုပ်ထားပုံရတယ်၊ အနောက်ကမ္ဘာကတောင် မလုံမခြုံဝတ်ဆင်မှုတွေလို့ ပြောယူရတဲ့ အဝတ်အစားမျိုးတွေ ဝတ်ဆင်တတ်သူအဖြစ်” ၂၀၁၀ ခုနှစ် ဝိ့က်က်လိ့ခ်သတင်းက ပြောခဲ့တာပါ။ ၂၀၀၄ ခုနှစ်မှာတော့ ကမ္ဘာ့ကုလသမဂ္ဂ ယဉ်ကျေးမှုဌာန ယူနက်စကိုရဲ့ သံတမာန်တစ်ဦးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ အေလီရက်ဗာမှာ သမီး ၂ ဦးနဲ့ သားတစ်ဦးရှိပြီး မြေး ၄ ဦး ရှိပါတယ်။ လက်ရှိအဇာဘိုင်ဂျန်သမ္မတဟာ အတိုက်အခံတွေကို ဆန့်ကျင်ပြီး တတိယအကြိမ်အဖြစ် သမ္မတ ၅ နှစ်သက်တမ်းကို ၂၀၁၃ မှာ ထပ်မံဆောင်ရွက်ခဲ့ပါတယ်။ သူတို့မိသားစုတွေက အာဏာရယူထားတာ ဆယ်စုနှစ် ၃ စု ရှိနေတယ်လို့လည်း သိရပါတယ်။ ထောက်ခံသူတွေက ရီပတ်ဘလစ်အဖြစ် ပြောင်းလဲလာတာအတွက် ထောက်ခံနေကြပြီး အတိုက်အခံတွေကတော့ အဇာဘိုင်ဂျန်သမ္မတဟာ အတိုက်အခံမှန်သမျှကို ချေမှုန်းခဲ့သူ သြဇာအာဏာကို သုံးပြီး သမ္မတနဲ့ မိသားစုအတွက် အသုံးအဖြုံးကြီးတဲ့ လူနေမှုဘဝမျိုး နေထိုင်သူအဖြစ် ဝေဖန်နေကြတာပါ။ အဇာဘိုင်ဂျန်သမ္မတဟာ နိုင်ငံရေး လှုပ်ရှားသူတွေနဲ့ သတင်းသမားတွေကို နှိမ်နင်းထောင်သွင်းအကျဉ်းချတဲ့အတွက် လူအခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ရဲ့မှတ်တမ်းအရ လူ့အခွင့်အရေးနယ်ပယ်ဘက်မှာ နိမ့်ကျနေလို့ တက်ကြွလှုပ်ရှားသူတွေကတော့ စိုးရိမ်မှုတွေ တိုးနေတယ်လို့လည်း သိရပါတယ်။
4 years Ago
Up