အဇာဘိုင်ဂျန်

July 6, 2021

သဘာဝဓာတ်ငွေ့တူးဖော်ရေးစင်များ ဘေးကင်းကြောင်း အဇာဘိုင်ဂျန် စွမ်းအင်ကုမ္ပဏီ ပြော

ကက်စ်ပီယံပင်လယ်ထဲက အဇာဘိုင်ဂျန် ကမ်းလွန် သဘာဝဓာတ်ငွေ့ တူးဖော်ရေးစင်တွေ ဘေးကင်းတယ်လို့ အစိုးရ စွမ်းအင်ကုမ္ပဏီ ဆိုကာက ဇူလိုင် ၅ ရက်မှာ ပြောတယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။

ဒီနေရာတွေမှာ မီးအကြီးအကျယ် လောင်နေတယ်လို့ မီဒီယာတွေက အစောပိုင်းမှာ အစီရင်ခံခဲ့တာပါ။ ကမ်းလွန်ပင်လယ်ပြင်ကနေ မီးခိုးတွေထွက်နေပုံ ရုပ်သံတွေ ဓာတ်ပုံတွေကိုလည်း အွန်လိုင်းပေါ် ဖြန့်ချိခဲ့ပါတယ်။

ရွှံ့တွေ ပေါက်ကွဲတာက ဒီဖြစ်ရပ်အတွက် အဖြစ်နိုင်ဆုံး အကြောင်းရင်းလို့ ဆိုကာကို ကိုးကားပြီး ရုရှားအခြေစိုက် ရီယာသတင်းဌာနက ဖော်ပြပေမဲ့ ဘယ်လိုလုပ် မီးလောင်တယ် ဆိုတာကိုတော့ ရှင်းမပြခဲ့ပါဘူး။

“ဆိုကာက ထိန်းချုပ်ထားတဲ့ လုပ်ငန်းတွေနဲ့ ကမ်းလွန်လုပ်ကွက်တွေမှာ ဘယ်လို မတော်တဆမှ မဖြစ်ခဲ့ဘူး။ အလုပ်တွေ ပုံမှန်လုပ်နေတယ်” လို့လည်း ဆိုကာရဲ့ ပြောခွင့်ရက ပြောပါတယ်။

အဇာဘိုင်ဂျန်ရဲ့ ဓာတ်ငွေ့ထုတ်ကုန် အဓိကရင်းမြစ်တွေဟာ ကမ်းလွန်လုပ်ကွက်တွေ ဖြစ်ပြီး ဆိုဗီယက်ယူနီယံ လက်အောက်ခံဟောင်း အဇာဘိုင်ဂျန် နိုင်ငံထွက် ဓာတ်ငွေ့တွေကို ဥရောပဆီ တင်ပို့ပါတယ်။

12 months Ago

December 16, 2020

အဇာဘိုင်ဂျန်နှင့် အာမေးနီးယား စစ်အကျဉ်းသားများ လဲလှယ်

ရုရှား ကြားဝင်ဆောင်ရွက်တဲ့ အကျဉ်းသားလဲလှယ်မှု အစီအစဉ်အရ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ဟာ စစ်အကျဉ်းသားတွေကို အဖွဲ့လိုက် စတင်လဲလှယ်နေတယ်လို့ ရုရှား ကာကွယ်ရေးဌာနက ဒီဇင်ဘာ ၁၅ ရက်မှာ ပြောပါတယ်။ ပဋိပက္ခဖြစ်ခဲ့တဲ့ နာဂေါ်နိုခါရာဘတ်ခ်ဒေသမှာ ရုရှား ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့တွေကို ဖြန့်ကြက်ထားပါတယ်။ ရုရှား ကြားဝင်ညှိနှိုင်းခဲ့ပြီးနောက် အာမေးနီးယားအကျဉ်းသား ၄၄ ယောက် အဖွဲ့ဟာ မိခင်နိုင်ငံကို ပြန်ရောက်လာပြီလို့ အာမေးနီးယား ဒုဝန်ကြီးချုပ်က ဒီဇင်ဘာ ၁၄ ရက်မှာ ပြောပါတယ်။ အကျဉ်းသားလဲလှယ်မှု အစီအစဉ်အရ ရုရှားစစ်လေယာဉ်ဟာ အဇာဘိုင်ဂျန် အကျဉ်းသား ၁၂ အဖွဲ့ကိုလည်း မြို့တော် ဘာကူဆီ ပို့ဆောင်ပေးခဲ့တယ်လို့ ရုရှား ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့ တပ်မှူးက ဒီဇင်ဘာ ၁၅ ရက်မှာ ရိုက်တာကို ပြောပါတယ်။
2 years Ago
More News
Up