အဆောက်အအုံ

May 7, 2022

စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ အဆောက်အအုံ ၁ ခုတွင် ပေါက်ကွဲမှုဖြစ်ပြီး ၁၇ ဦးဒဏ်ရာရ

စပိန်နိုင်ငံ မက်ဒရစ်မြို့လယ်မှာ ပြန်လည်ပြင်ဆင်နေတဲ့အဆောက်အုံတခုအတွင်းမှာ မနေ့က ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပြီး လူ ၁၇ ယောက်ထက် မနည်း ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

အထဲမှာ ပိတ်မိနေသူတွေ ရှိနိုင်တာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်လုပ်ခဲ့ရပါတယ်။ လူ လေးယောက်ကို ဆေးရုံတင်လိုက်ရပြီး၊ တယောက်ရဲ့ အခြေအနေကတော့ စိုးရိမ်ရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့နဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး အသေးစိတ် မသိရသေးပါဘူး။

7 months Ago

December 24, 2020

အမေရိကန် ဘောလ်တီမိုးမြို့လယ်ရှိ အဆောက်အအုံတစ်ခု ပေါက်ကွဲ၊ ၁၀ ဦး ဒဏ်ရာရ

အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် ဘောလ်တီမိုးမြို့လယ်ခေါင်က ရုံးခန်းအဆောက်အအုံ တလုံး ဒီဇင်ဘာ ၂၃ ရက်မှာ ပေါက်ကွဲလို့ လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရပြီး ၉ ဦးက ဒဏ်ရာပြင်းထန်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။  ပြတင်းပေါက်ဆေးသူ ၂ ဦး အဆောက်အအုံအပြင်ဘက်က ငြမ်းမှာ တွဲလောင်းဖြစ်နေခဲ့ တယ်လို့လည်း ပြောပါတယ်။  ဘောလ်တီမိုး ဓာတ်ငွေ့နဲ့ လျှပ်စစ်ကုမ္ပဏီအဆောက်အအုံ ပေါက်ကွဲမှုဖြစ်ပြီး အမိုးတစိတ် တပိုင်း ပြိုကျတာကို ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ မြို့ မီးသတ်ဌာနက ပြောပါတယ်။ ဆေးရုံတင်ထားရတဲ့  ဒဏ်ရာရသူ ၁၀ ယောက်မှာ ၉ ယောက်က အသည်းအသန်ဖြစ်နေသလို ၁ ယောက်က ဒဏ်ရာပြင်းထန်တယ်လို့ မီးသတ်ဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။  အဆောက်အအုံရဲ့ ၁၆ထပ်မြောက်မှာ ပေါက်ကွဲ မီးလောင်နေတာကို မီးသတ်သမားတွေက အမြန် ငြှိမ်းသတ်ခဲ့တယ်လို့ နိုင်ငံတကာ မီးသတ်သမားများအဖွဲ့ IAFFက ထုတ်ပြန်ပြောဆို ပါတယ်။ ကယ်ဆယ်ရေးလုပ်သားတွေက တခြားလူ အယောက် ၂၀ လောက်ကို ပြုစုကုသ ပေးခဲ့ရတယ်လို့လည်း ဆိုပါတယ်။ အဆောက်အအုံအတွင်း လေနဲ့ ဘွိုင်လာစနစ်အတွက် ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်နေချိန်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒါဟာ မတော်တဆ ဖြစ်ပုံရတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ အဆောက်အအုံတခုလုံး မကြာခင်ရောက်မယ့် အားလပ်ရက်တွေကြောင့် များသောအားဖြင့် လူသူမရှိဘူးလို့ အိက်ဇယ်လွန် ကော်ပိုရေးရှင်းပိုင် ဘောလ်တီမိုး ဓာတ်ငွေ့နဲ့ အီလက်ထရစ် ကုမ္ပဏီက ပြောခဲ့ပါတယ်။
2 years Ago
More News
Up