အဆုံးအဖြတ်ပွဲ

July 12, 2020

အာဆင်နယ်နှင့်ပွဲက အဆုံးအဖြတ်ပွဲမဟုတ်ဟု စပါးနည်းပြ မော်ရင်ဟို သုံးသပ်

အာဆင်နယ်နဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်က ကြီးမားတဲ့ကိစ္စတွေအတွက် အဆုံးအဖြတ်ပွဲစဉ် တစ်ပွဲ မဟုတ်ဘူးလို့ စပါးနည်းပြ မော်ရင်ဟိုက ပြောပါတယ်။ စပါးအသင်းဟာ ဒီနေ့ည ၁၀ နာရီ အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာပါ။ အာဆင်နယ်က ရမှတ် ၅၀ နဲ့ အဆင့် ၈ မှာ ရပ်တည်နေပြီး စပါးက ရမှတ် ၄၉ မှတ်နဲ့ အဆင့် ၁၀ မှာ ရပ်တည်နေတာပါ။ ဒီပွဲစဉ်ဟာ အနီးကပ်ဆုံး လန်ဒန်ဒါဘီပွဲစဉ် ဖြစ်ပေမဲ့ ကြီးမားတဲ့ကိစ္စတွေကို ဆုံးဖြတ်ပေးနိုင်တဲ့ပွဲ မဟုတ်ဘူးလို့ မော်ရင်ဟိုက ဝန်ခံခဲ့တာပါ။ အဆုံးအဖြတ်ပွဲစဉ် မဟုတ်ပေမဲ့ နှစ်သင်းစလုံးက အနိုင်မခံ အရှုံးမပေး ကစားကြမှာ သေချာပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက် မဟုတ်ပေမယ့် အဆင့်ရပ်တည်မှုအတွက်တော့ အရေးပါတဲ့ပွဲစဉ်လို့ မော်ရင်ဟိုက ပြောပါတယ်။ အာဆင်နယ်နည်းပြ အာတီတာကတော့ မော်ရင်ဟိုက ထိပ်တန်းနည်းပြတဦးဖြစ်ပြီး စပါးအသင်းကို အောင်မြင်မှုတွေ ရယူပေးနိုင်မယ့် နည်းပြဖြစ်တယ်လို့ ချီးကျူးထားပါတယ်။
1 year Ago
Up