အဆိုတော်နာမည်

A d v e r t i s e m e n t With Us

June 27, 2019

အဆိုတော် Pink ရှိုးပွဲတွင် မွေးဖွားခဲ့သည့် ကလေးငယ်ကို အဆိုတော်နာမည် အမှတ်တရပေး

ခုသီတင်းပတ်အတွင်း ဗြိတိန်နိုင်ငံ၊ လီဗာပူးမြို့မှာ ကျင်းပခဲ့တဲ့ နာမည်ကြီးအဆိုတော် Pink ရဲ့ ဖျော်ဖြေပွဲတခုမှာ ကလေးမွေးဖွားခဲ့တဲ့ ပရိသတ်တဦးကို Pink က ချီးကျူးဂုဏ်ယူကြောင်း အားပေးခဲ့ပါတယ်။ ရှိုးပွဲလာရောက်ကြည့်ရှုသူ အသက် ၃၂ နှစ်အရွယ် ဒန်းနိစ်ဂျုံးစ်ဟာ အန်းဖီးလ်ဒ်ကွင်းထဲမှာ ဇွန်လ ၂၅ ရက်နေ့က ကျင်းပခဲ့တဲ့ Pink ရဲ့ ဖျော်ဖြေပွဲကို လာရောက်အားပေးခဲ့ချိန်မှာ သမီးမိန်းကလေးတဦး မွေးဖွားခဲ့တာဖြစ်ပြီး သူ့ရဲ့နာမည်ကို Dolly Pink လို့ အမည်ပေးလိုက်တာပါ။ ဒီသတင်းနဲ့ပတ်သက်ပြီး အဆိုတော် Pink ကတော့ “Dolly Pink ကတော့ ပါတီစတာနဲ့ ပါချင်နေပြီ” လို့ အမှတ်တရ မှတ်ချက်ပေးလိုက်တာပါ။ ကလေးငယ်ဟာ မွေးဖွားလာချိန်မှာ ကိုယ်အလေးချိန် ၆ ပေါင် ၄ ဒသမ ၅ အောင်စရှိပြီး တာဝန်ကျ ဆေးဝန်ထမ်းတွေရဲ့ အကူအညီနဲ့ ချောချောမောမော မွေးဖွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျုံးစ်ဟာ ဒီကိုယ်ဝန်ကို လွယ်ထားခဲ့ရတာ သီတင်းပတ် ၃၆ ပတ်နဲ့ ၅ ရက်ရှိခဲ့ပြီဖြစ်ကာ အချိန် ၅ မိနစ်အတွင်းမှာပဲ အခက်အခဲမရှိ မွေးဖွားနိုင်ခဲ့တာပါ။ တာဝန်ကျ ဆရာဝန်တွေဖြစ်ကြတဲ့ ဂျွန်မက်သရူးစ်နဲ့ ဒန်နီဘာ့ဂ်ျတို့ဟာ လူအုပ်စုကြီးထဲကနေ မွေးလူနာကို ညှိနှိုင်းခေါ်ထုတ်ခဲ့ပြီး ရှေးဦးသူနာပြု အခန်းထဲက စင်အောက်မှာ မွေးဖွားပေးခဲ့ကြပါတယ်။ ဒေါက်တာဘာ့ဂ်ျကတော့ ပရိသတ်တွေ လူအုပ်ကြီးတွေကြားကနေ ထုတ်သယ်ခွင့်ရအောင် ကူညီပေးတဲ့ ဝန်ထမ်းတွေကိုလည်း ချီးကျူးခဲ့တာပါ။ “တကယ်လို့များ ကျမတို့ သူတို့အုပ်စုကြီးကို မရှင်းနိုင်ခဲ့ရင် ကလေးကို ပရိသတ် ၄၆၀၀ ကြည့်နေတဲ့ကြားမှာ မွေးပေးခဲ့ရမှာ။ ဒီကလေးကတော့ Pink ရဲ့ သီချင်းထဲကလိုပေါ့။ ငါထွက်လာပြီ… မင်းတို့ ပိုမိုက်တဲ့ပါတီ စလို့ရအောင်။”
2 years Ago
Up