အဆုတ်ရောင် ရောဂါဗိုင်းရပ်စ်

January 12, 2020

တရုတ်တွင် အဆုတ်ရောင်ရောဂါ ဗိုင်းရပ်စ်ကြောင့် ၁ ဦးသေဆုံး

တရုတ်နိုင်ငံမှာ ထူးဆန်းတဲ့ အဆုတ်ရောင် ရောဂါဗိုင်းရပ်စ်တမျိုးကူးစက်ခံရသူ လူနာတဦး   သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင် စီစီတီဗွီသတင်းဌာနက ဇန်နဝါရီ ၁၁ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။  ထူးဆန်းအဆုတ်ရောင် ဗိုင်းရပ်စ်ကြောင့် ပထမဆုံး သေဆုံးခဲ့တဲ့လူနာဟာ ဝူဟန်မြို့က ပင်လယ်စာဆိုင်တဆိုင်မှာ ပုံမှန်ဝယ်ယူသူ တဦးဖြစ်တယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြားပါတယ်။  အဲဒီလူနာကို စစ်ဆေးကြည့်ရာမှာတော့ ဝမ်းဗိုက်တွေမှာ အကျိတ်တွေ တွေ့ခဲ့ပြီး  ကာလရှည်အသည်းရောဂါဖြစ်နေတာ တွေ့ရတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောခဲ့ပါတယ်။  အဲဒီထူးဆန်းတဲ့ ဗိုင်းရပ်စ်ကို ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ ဒီဇင်ဘာလက  စတင်တွေ့ခဲ့ပြီး ရောဂါပိုးတွေ့လူနာ ၄၁ ယောက်ရှိပြိး ၇ ယောက်ဟာ အခြေအနေစိုးရိမ်ရတယ်လို့ စီစီတီဗွီ သတင်းမှာ ဖော်ပြခဲ့ပါတယ်။   အဲဒီနောက် လူနာ နှစ်ဦး ဆေးရုံးက ဆင်းသွားခဲ့ပြီး ကျန်လူနာတွေရဲ့အခြေနေဟာလည်း  တည်ငြိမ်တယ်လို့ သတင်းမှာဖော်ပြခဲ့ပါတယ်။  အဲဒီလူနာတွေနဲ့ ထိတွေ့ခဲ့တဲ့ လူ ၇၃၉ ယောက်ကိုလည်း  စမ်းသပ်စစ်ဆေးတာတွေ လုပ်ခဲ့ တယ်လို့ စီစီတီဗွီရုပ်သံက အစီရင်ခံခဲ့ပါတယ်။ 
2 years Ago
Up