အဆုတ်ရောင် ဗိုင်းရပ်စ်

A d v e r t i s e m e n t With Us

January 4, 2020

တရုတ်နိုင်ငံတွင် အဆုတ်ရောင်ဗိုင်းရပ်စ်တမျိုး ပြန့်ပွားနေ၊ ကူးစက်ခံရသူ ၄၄ ဦးရှိပြီ

တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူချန်မြို့မှာ  ထူးဆန်းတဲ့ အဆုတ်ရောင် ဗိုင်းရပ်စ် တမျိုး ကူးစက်ပြန့်ပွားနေပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးရေး လုပ်ဆောင်နေပါတယ်။   အဲဒီ အဆုတ်ရောင်ဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၄၄ ယောက်အထိ ရှိနေပြိး ၁၁ ယောက်ဟာ ရောဂါပြင်းထန်တယ်လို့ တရုတ်တာဝန်ရှိသူတွေက ဇန်နဝါရီလ ၃ ရက်မှာ ပြောကြားပါတယ်။  တရုတ်နိုင်ငံ ဝူဟန်မြို့မှာ အဆုတ်ရောင်ရောဂါ ကူးစက်ပြန့်ပွားနေတာကြောင့် စင်ကာပူနဲ့ ဟောင်ကောင်မှာ အဲဒီမြို့က လာရောက်တဲ့ ခရီးသည်တွေ ဗိုင်းရပ်စ်ကူးစက်ခြင်း ရှိမရှိ   စစ်ဆေးနေကြပါတယ်။   အဲဒီဗိုင်းရစ်ဟာ ဆားစ်ရောဂါနဲ့ ဆက်နွှယ်နိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်တွေ အွန်လိုင်းမှာ ပျံ့နှံ့နေချိန်  ရောဂါကူးစက်ပျံနှံ့နေတာလည်း ဖြစ်ပါတယ်။   ၂၀၀၂  နဲ့ ၂၀၀၃ အတွင်း တရုတ်နိုင်ငံမှာ လူသေစေတဲ့ ဆားစ်ရောဂါဗိုင်းရပ်စ် စတင် ဖြစ်ပွားခဲ့ပြီး  တကမ္ဘာလုံးမှာ သေဆုံးသူ ၇၀၀ ကျော် ရှိခဲ့တယ်လို့ ဘီဘီစီသတင်းက ဆိုပါတယ်။ 
1 year Ago
Up