နာမည်ကြီး လူငယ်အဆိုတော် ကျားပေါက်ရဲ့ Micro လို့အမည်ရတဲ့ ပန်းချီပြပွဲကို Yangon Book Plaza မှာ စတင်ဖွင့်လှစ်ပြသနေပါတယ်။
ဇူလိုင် ၁ရက်ကနေ ဇူလိုင် ၇ရက်အထိ သီတင်းတပတ်ကြာပြသသွားမှာဖြစ်ပြီး အဆိုတော်ကျားပေါက်ရဲ့ ကြောင်စာအမည်ရှိ စာအုပ်နဲ့ သူကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားပုံပါ ပို့စ်ကတ်တွေနဲ့ အိတ်တွေကိုလည်း ရောင်းချပေးနေပါတယ်။
ဒီပန်ချီးပြပွဲဟာ အဆိုတော်ကျားပေါက်အတွက်တော့ ဒုတိယအကြိမ်မြောက်ပြုလုပ်တဲ့ ပန်းချီပြပွဲလည်းဖြစ်ပါတယ်။
2 years Ago