အဆိုတော်အစ္စဏီကို ရုံးထုတ်စစ်ဆေး

May 10, 2018

အဆိုတော်အစ္စဏီကို ရုံးထုတ်စစ်ဆေး

  မော်ဒယ်စူးရှထက်ကို အဓမ္မပြုကျင့်နှိပ်စက်မှုတွေနဲ့ ဖမ်းဆီးတရားစွဲခံနေရတဲ့ အဆိုတော် အစ္စဏီကို  ဒီနေ့ မနက် ရန်ကုန် တာမွေမြို့နယ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးပါတယ်။ အဓမ္မပြုကျင့်မှု၊ အပြင်းအထန်နာကျင်စေမှုအပါအဝင် ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ ပုဒ်မ ၃ ခုနဲ့ အဆိုတော်ဟန်ထွန်းဇော်(ခ)အစ္စဏီကို  မော်ဒယ်စူးရှထက်ကိုယ်တိုင် တရားလို ပြုလုပ်ပြီး တာမွေရဲစခန်းမှာ ဧပြီလ ၁၂ ရက်ကတည်းက အမှုဖွင့်တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။ ဧပြီ ၁၂ရက်က  မော်ဒယ်စူးရှထက်ရဲ့နေအိမ်တိုက်ခန်းမှာ   ရည်းစားဟောင်း အဆိုတော် အစ္စဏီက စူးရှထက်ကို တကိုယ်လုံးကို ဖျစ်ညှစ်ခြင်း၊ လက်ချောင်းတွေနဲ့ လက်သည်းခွံတွေကို လှန်ချိုးလို့  နာကျင်ပြီး သတိမေ့နေတုန်း နှစ်ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ ရဲသတင်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
3 years Ago
Up